Header Ads

အတိုကောက်ကြိုက်တဲ့ ချစ်သူ


" ကိုကို SP "

ငင့် ... ညမိုးချုပ်ကြီး လပ်ပါးချက်

"အာ့  ဘာပြောတာလဲ ဟင် "
" စားပါ လို့ ပြောတာ ... မေက ခေါက်ဆွဲ စားနေတာ ကိုကို့ကို ခေါ်စားတာလေ "

အင်းလေ ကိုမှ မမြင်ရတာ

" ဟုဟု OKM "

" ကိုကို အာ့ဘာပြောတာလဲ "
" အိုကေပါတယ် လို့လေ "

" M က ဘာပြောတာလဲ "
" M က မေ အိုကေ ပါတယ် မေပေါ့ကွာ "

အမှန်က အုံးကြောင်မ လို့ ပြောတာ .. ဟိ

" LOL "

ဟင် .. စပြီဟ

" မေ မဆဲနဲ့ကွာ "
" ဆဲဖူး ကိုကို "

" အာ့ဆို ဘာပြောတာလဲ "

" လာအုံးလေ လို့ပြောတာ ကိုကိုနဲ့ မတွေ့တာ ကြာပြီလေ "

" ALO "
" ဟာ .. ကိုကိုနော် မရိုင်းနဲ့ "

" မရိုင်းရပါဘူး မေရယ် "
" အာ့ဆွင် ဘာပြောတာလဲ "

" အေးလို့ အလွယ်နည်း ပြောလိုက်တာ "

" Omm ပြီးရော "
.
.
.
" ကိုကို BSPPL "

အန် ... ????

" ဘာပြောတာလဲ မေ "
" ကိုကို ဘာစားပြီးပြီလဲ လို့ ပြောတာ"

နို့မို့ဆို ငါထင်တာ မှန်နေတယ် ငါ့ကို စပြီး ဂျင်းထည့် နေပြီ

" 💩 F U C K ပါ မေ "

" ကိုကို တော်တော် ယုတ်ပတ် ပါလား "
" ဟုတ်ဘူးလေ ကိုက အတိုကောက် ပို့လိုက်တာပါ "

" ကိုကို သိပ်မရိုင်းနဲ့နော် မေလေး စိတ်တို လာပြီ
အာ့ဆို ရှင်းပြ မဟုတ်လို့ကတော့ သေမယ် "

" ကိုကိုလေ မေလေးကို ရေခဲမုန့် စားစေချင်လို့ပါ
ဒါပေမဲ့ ရေခဲ မုန့်ပုံ စတေကာ ရှာတာ မတွေ့လို့
သူနဲ့ အနီးစပ်ဆုံး စတေကာ ပို့လိုက် တာပါ "

ဟီး .. ပထမ တောင်တော့ ကျော်ဖြတ် လိုက်ပြီ

" အဲ့တာ ထားပါ နောက်က f u c k ဆိုတဲ့ စာလုံး ကကော "

" ကိုကိုက မေလေးကို လိုမန်းတစ် ဆန်ဆန် ပြောလိုက်တာ "

" ကိုကိုပြောတဲ့ romantic ကို ရှင်းပြ ပေါက်တတ်ကရ ဆိုလို့ ကတော့ ပြတ်ပြီသာ မှတ်ထား "

" အင်းပါ "

" ပြောတော့ အချိန် လာဆွဲမနေနဲ့ "
.
.
.......

" ဒီလိုလေ
F = For
U = U
C = Chit
K = Kalay
For U Chit Kalay အာ့လိုပါ
ဟို .... ရှေ့က ရေခဲမုန့်ပုံ စတေကာပါ
ရေခဲမုန့်ပုံ ရှာတာ မတွေ့လို့ အီးပုံ ပါသွားပါ
အဲ့တာတော့ စောရီးနော် 😂😂 "

" ရတယ် ကိုကို TDZ "

" မေလေး အာ့ ဘာပြောတာလဲ ဟင် "

" ကိုကို သဒေါင်းဇား လို့ ဆဲတာ "

" မေလေး အာ့တော့ များတယ်နော် "

" ဘာဖြစ်လဲ မကျေနပ်ဘူးလား ရဘူးလား "

ကိုက ရည်းစား မရှိလို့သာ ကြိတ်ပြီး q နေရလို့ပေါ့ နို့မို့သာဆို ဟွင်း ..

" YEe YEe ပါ မေ "

" ဘာ !!!! စော်ကားတာလား "

" ရ၏ ရ၏ လို့ပြောတာပါမေ "

" မေလေး အိပ်ချင်ပြီ ကိုကိုကို့ GO ပဲ "

ဟင် ... GN လဲ ဟုတ်ဘူး GO ဆိုတော့

" ဘယ်ကိုသွားမှာလဲ မေလေး "

" မသွားဘူး နင့်ကို ဂွေးဥ လို့ ဆဲတာ "

ငွင့် ....

အဲ့လိုပြောပြီး out သွားတယ် ကျနော်တောင် ပြောချိန် မရလိုက်ဘူး

SPTM လို့တော့ ပို့ထား လိုက်တယ်

သူမေးလာခဲ့ရင်လဲ " စွင်းပျော်တယ်မေ " ပေါ့
မေနဲ့ စကားပြောရတာ ပျော်တယ် လို့ ဖြေလိုက်မယ်

အမှန်က ကျနော် ဆဲလိုက်တာ ..
ဟိ ... သူသိသွားရင်လဲ ပြတ်ပါစေဗျာ အဲ့လောက် ဘိုရူးနေတဲ့ ... § ဖျာတွေမ 😂😂😂

ဟီး ..... အွပ်တ်စကွတ် ဂုန်းကလိပ် မကျွမ်းပါ

😁😁😁
အွပ်တ်

No comments

Powered by Blogger.