ဘီယာသောက်သုံးခြင်းက လိင်ဆက်ဆံမှုကို ဘယ်လို ထောက်ပံ့ပေးလဲ
ဘီယာကို တမြမြနဲ့ ပုံမှန် သောက်သုံးလေ့ ရှိတဲ့ အမျိုးသားတွေ အနေနဲ့ သိပ္ပံပညာရပ်က ပြောပြနေတဲ့ ဘီယာသောက်ခြင်းဟာ လိင်ဆက်ဆံခြင်းကို ပိုမို ကောင်းမွန်စေနိုင် ဆိုတဲ့ အချက်ကို နားဝင် ချိုကြမှာပါ။
ဖိုမ သဘာဝဆိုင်ရာ ကျွမ်းကျင် ပညာရှင် တစ်ဦးဖြစ်သူ Dr Kat Van Kirk အဆိုအရ ဘီယာဟာ အမျိုးသားတွေ အတွက် အကျိုးကျေးဇူး (၄) မျိုး ရရှိစေကြောင်း Medical Daily သတင်းမှာ ဖော်ပြထားပါတယ်။
ပထမဆုံးအနေနဲ့ ဘီယာ တဝသောက်ထားခြင်းက အချိန်မတိုင်မီ သုက်ထွက်မှု နှေးကွေး စေနိုင်ပါတယ်။ အယ်လ်ကိုဟောမှာ ပါဝင်တဲ့ phytosestrogens က ခန္ဓာကိုယ် စွမ်းဆောင်မှု မြင့်စေပြီး ချစ်တင်းနှောမှု ပိုမို ကောင်းမွန်စေကြောင်း Dr Van Kirk ပြောဆိုချက်အရ သိရပါတယ်။
အရောင် ပိုနက်တဲ့ ဘီယာတွေ သောက်ခြင်းက လိင်စိတ် တက်ကြွမှု မြင့်တက်စေပြီး သုက်ထွက်အားကောင်းစေတဲ့ aphrodisiac အဖြစ်လည်း စွမ်းဆောင်နိုင်ပါတယ်။
အရောင် ပိုမည်းနက်တဲ့ ဘီယာမှာ ပါဝင်တဲ့ သံဓာတ်က သွေးနီဥ ဆဲလ်များကို ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင် သယ်ဆောင်ပေးတဲ့ haemoglobin ဖန်တီး ဖြစ်ပေါ်စေပါတယ်။
အဲ့ဟာက သွေးလည်ပတ်မှု ကောင်းမွန်စေပြီး ကျန်းမာသန်စွမ်းတဲ့ သုတ်ရည်ကို ထွက်လွတ်စေကြောင်း Dr Van Kirk က ဆိုခဲ့ပါတယ်။
Credit - Trend Myanmar
Post a Comment