Header Ads

ကိုက်တတ်တဲ့ ချစ်သူလေး..


' သဲ . . ဘာရှာ နေတာလဲ ငင် '

' လက် ရှာနာ လက် . . လက် '

' ဘာလုပ် မို့လဲ '

' ကိုက် ချင်လို့ '

' မလုပ်ပါနဲ့တော့ သဲရယ် . . လက်တွေလည်း အစွယ်ရာ တွေ ပြည့်နေပြီ '

' ဘယ်လို! '

' လက်တွေလည်း တစ်အား နာနေပြီ လို့'

' ဘာလဲ . . ချစ်လို့ ကိုက်တာ ငြိုငြင် တာလား '

မျက်နှာက စူပုပ်ပုပ်။

' အေးပါနော် . . ကိုက် ကိုက် အင့် အင့် . . '

' ယေး . . '

လက်ကို ပါးစပ်ထဲ ထိုးထည့် ပေးရသည်။ အားရပါးရ ကိုက်သည်။ စိတ်ရှိလက်ရှိ ကိုက်သည်။ ကိုက်ရုံတင် မက လျှာနဲ့ပါ တွဲစုပ် လိုက်လေသည်။

' ကောင်းလား '

' အင်း . . ကောင်းတယ် ဟီး'

သူကိုက် သမျှကို အံကြိတ် ခံရပေသည်။ မျက်နှာကို အတတ်နိုင်ဆုံး ပြုံးပေး ထားရသည်။ နာလို့ မျက်နှာ ပျက်လို့ မရ ။ ကိုက်ရတာ feel ပျက်သည်ဟု ဆိုတတ်သည်။

စဉ်းစားကြည့်သည်။ ဒီလို ကိုက်တယ် ဆိုတာ စိတ္တဇရောဂါ တစ်မျိုးဟု စာပေတစ်ခု ထဲတွင် ဖတ်ဖူး ထားသည်။ အဓိက ပြဿနာမှာ ကိုယ့်ချစ်သူကို တွေ့ရင် သွားယားနေ တတ်ခြင်းမျိုး ဖြစ်သည်။ ပြီးတော့ ဒီလို ကိုက်ခြင်းမှာ မွေ့လျော် သူများသည် အရင်ဘဝက ခွေးများ ဝင်စားသလား ဟု ဆက်လက် တွေးတော နေမိသည် ။

' သဲ . . . '

' ဟှမ် '

ကိုက်နေရာမှ ပြန်ဖြေ သောကြောင့် အသံက မပီ။ ဝူးဝူး ဝါးဝါး အသံကြီး ဖြစ်နေသည်။

' သဲက သိုင်းလည်း တတ်တာ မဟုတ်ဘူး။ တိုက်ကွမ်ဒို ၊ ဂျူ ဒို ၊ကွန်ဖူးတွေ ဆိုတာလည်း တတ်တာ မဟုတ် ဘူးလေ'

' အွန်မ်း '

' အကယ့်၍ ကိုယ့်ကို လူဆိုးတေက ဖမ်းပြီး သမနေရင် ဘယ်လိုလုပ်မလဲ '

' ပလက် '

လက်က သွား ကျွတ်သွားခြင်း ဖြစ်သည်။ လက်မှာ သားရည် များနဲ့ အတူ သွားရာကြီး ။

' ချစ်က ဘာ သိုင်းမှတော့ မတတ်ပါဘူး။ ဒါမဲ့ ချစ်သူ ကိုတော့ ထိရဲ ထိကြည့်။ အဲ့ဒီ ထိတဲ့ကောင်ကို နီးရာ ပြေး ကိုက်မှာ '

' ဟာ . . အားကိုး ရပြီ သိလား ချစ် . .။ ရော့ ကိုက် ကိုက် အင့် '

ချစ်သူက လက်ကို ကိုက်ရင်း မြုံ့ရင်း မှိန်းနေသည်။ တစ်နေ့ လူဆိုးများ ရန်မှ အားကိုးရမည် ဖြစ်သော ချစ်သူကြောင့် ပီတိဖြာမိ နေပြန်သည်။

😁😁😁
(သင့် ချစ်​သူ​လေးက​ကော ကိုက်​တတ်​လား ? )
Credit _ ခဲတံ

No comments

Powered by Blogger.