ချစ်တဲ့သူတိုင်း နားလည်မှုမလွဲစေဖို့..
ယောင်္ကျားလေး တွေဟာ ချစ်စကြင်စမှာ သည်သည်းလှုပ် ဂရုစိုက်ပြ တတ်ကြတယ်။ အစစ အရာရာ အလျှော့ပေး သည်းခံပြီး ချစ်သူ စိတ်တိုင်းကျ နေပြတတ်တယ်။
မိန်းကလေး တွေက ချစ်စကြင်စမှာ ရှက်သလို ရွံသလိုနဲ့ တီတီတာတာ သိပ်မလုပ်တတ် ကြပေမယ့် ချစ်သူရဲ့ ဂရုစိုက် အလျှော့ပေးမှုလေးတွေ အပေါ်မှာ အရမ်းကို သာယာကြည်နူး တတ်ကြပါတယ်။
ယောင်္ကျားလေးတွေက ချစ်သူ သက်တမ်း ကြာလာတဲ့အခါ သူ့ ချစ်သူကို ပိုချစ်လာပေမယ့် အရင်လို သည်းသည်းလှုပ် ဂရုမစိုက် မပြတော့ဘူး။
အဲ့ဒီအချိန်တွေမှာ ချစ်သူကို ရင့်ကျက်ပြီး သူတို့ကို နားလည်စေချင်တယ်။ မိန်းကလေးတွေက ချစ်သူသက်တမ်း ကြာလာတဲ့အခါ သူ့ ချစ်သူကို အရင်ကထက် ပိုပီး သူ့ကို ဂရုစိုက် စေချင်လာတယ်။
ချစ်သူကို ပိုပီး ချွဲ နွဲ့ချင်လာတယ်။ အဲ့ဒီလို မဖြစ်လာတဲ့အခါ သူ့ ချစ်သူ သူ့ အပေါ် ပြောင်းလဲသွားပီး အရင်လို မချစ်တော့ဘူး လို့ ထင်လာကြတယ်။
ချစ်တဲ့သူ ဆီကနေ ဂရုစိုက်တာ ခံချင်တဲ့ စိတ်ကလေးက ဘယ်သောအခါမှ မရင့်ကျက်နိုင်ဘူး ဆိုတာ သူ့ချစ်သူကို သိစေချင်တယ်။
ဒီအချက်လေးတွေကြောင့် ချစ်သူ နှစ်ယောက်ကြား နားလည်မှု မလွဲမှားဖို့  အရေးကြီးသလို ရင်ခုန်သံတွေ အမြဲတမ်း လတ်ဆတ်ပီး အချစ်တွေ သစ်လွင်နေဖို့ လည်း ကြိုးစားသင့်တယ် ဆိုတာ ချစ်သူတိုင်း သဘောပေါက်နိုင် ပါစေနော်။
Credit - La Min Lay
Post a Comment