Header Ads

ကိုယ် ချစ်တဲ့သူကို ဘာတွေ ပေးဆပ်သင့်လဲ..


ချစ်ရတဲ့ သူတွေအပေါ် တစ်ယောက်နဲ့ တစ်ယောက် ပေးဆပ် အနစ်နာခံတာတွေ မတူညီတတ်ပါ။ ကိုယ်ချစ်ရသူက ဘာတွေကို ပိုပီး လိုချင်တာလဲ ဆိုတဲ့အပေါ် မူတည်ပီး ကွဲပြားခြားနား သွားပါတယ်။

1) အချိန်ပေးပါ

လူတိုင်းကို သဘာဝ တရားကြီးက အချိန် ၂၄ နာရီ အညီအမျှ ပေးထားပါတယ်။ ထမင်းစားဖို့ လူတိုင်း အလုပ်လုပ် ရသလို ဘဝတိုက်ပွဲ ကိုလည်း လူသားတိုင်း တိုက်ပွဲဝင် ရတာချင်း အတူတူ အချိန် မပေးနိုင်ဘူး ဆိုတဲ့ အကြောင်းပြချက် တစ်ခုနဲ့ ကိုယ့်ချစ်ရသူရဲ့ ရင်ထဲကို ဒဏ်ရာတွေ ထည့် မပေးလိုက်ပါနဲ့။ ထမင်းစားဖို့ အိပ်ဖို့တောင် အချိန်ရှိနေသေးရင် ကိုယ့်ချစ်သူအတွက် သတ်မှတ်ထားတဲ့ အချိန်တစ်ခုတော့ ပေးဆပ်သင့်ပါ့တယ်။

2) ပျော်ရွှင်စရာတွေ ဝေမျပေးပါ

ပျော်ရွှင်နေရတဲ့ ကိုယ့်ရဲ့ အောင်မြင်မှုတွေ အကြောင်းကို ကိုယ်ချစ်ရသူဆီ မျှဝေပေးသလို သူ့ရဲ့ ပျော်ရွှင်မှု တွေကိုလည်း ကိုယ် စိတ်ညစ်စရာ ရှိရင်တောင် လှိုက်​လှိုက်​လှဲလှဲ မျက်နှာ မပျက်ဘဲ အတူတူ ပျော်ပါးပေးပါ။ ပျော်ရွှင်မှု ဆိုတာ လူတိုင်း လိုချင်နေတဲ့ ဆုလာဘ်တစ်ခု ဖြစ်ပီး ကိုယ်ပျော်နေရသလို သူ့ကိုလည်း ပျော်အောင်ထားပေးပါလေ။

3) နားထောင်ပေးပါ

ချစ်သူ ဆိုတာက မိဘပီးရင် ဒုတိယ အရင်းနှီးဆုံး လူသားပါ။ လူ့ရဲ့ သဘာဝက ရင်ထဲမှာ မကျေနပ်ချက်တွေ သိမ်းဆည်း ထားတတ်ပီး သူတို့ စိတ်ထဲက အယုံကြည်ရဆုံးနဲ့ အရင်းနှီးဆုံး သူကိုပဲ ရင်ဖွင့်တတ် ကြတယ်။ကိုယ့်ချစ်သူရဲ့ ခံစားချက်တွေကို ဂရုတစိုက် နားထောင်ပေးပီး နှစ်သိမ့်ပေးတာက သင်နဲ့သူ့ရဲ့ သံ​ယောဇဉ်​ကြိုးကို ခိုင်မာစေပီး တစ်ယောက်ရဲ့ စိတ်ကို တစ်ယောက်က နားလည်မှု မြင့်မားလာစေပါတယ်။

4) နွေးထွေး ကြင်နာပါ

လူတစ်ယောက် အဖော်ရှာတယ် ဆိုတာက ဘဝတစ်ခုလုံး အတွက် အားငယ်ချိန် ၊ မကျန်းမာချိန် ၊ ဘဝတိုက်ပွဲကို ရင်ဆိုင်ဖို့အတွက် တီးတိုးဖော်ကို လိုအပ်နေလို့ပါ။ တစ်သက်တာအတွက် နားခိုးရာ ရင်ခွင်တစ်စုံကို ကိုယ်ချစ်ရသူဆီက မိန်းကလေးပဲဖြစ်ဖြစ် ယောက်ျားလေးပဲဖြစ်ဖြစ် လိုချင်မိတာပါပဲ။ Sex ကိစ္စတစ်ခုတည်းအတွက် အဖော် လိုအပ်နေတာ မဟုတ်ဘဲ နွေးထွေး ကြင်နာမှုတွေက sex ထက် ပိုပီးတော့ အရေးပါနေတတ်တယ် ။နွေးထွေးကြင်နာခြင်း ဆိုတာ လူမပြောနဲ့ တိရစ္ဆာန်​တွေတောင် ကိုယ့်သခင်ရဲ့ နွေးထွေးမှုကို မျှော်လင့်နေ တတ်ကြတယ်။

5) အသိပညာ မျှဝေပေးပါ

ချစ်သူနဲ့ လင်မယားကြားမှာ အထင်ကြီး လေးစားမှု ဆိုတာ လိုအပ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် အားသာချက်တွေက မတူညီ ကြပါဘူး။တစ်ချို့က လုပ်ရည်ကိုင်ရည် ကောင်းတယ်။ ဒါပေမယ့် မစေ့စပ်ဘူး။ တစ်ချို့က အလုပ်လုပ်တာ နှေးပီး စည်းစနစ် ကျတယ်။ တစ်ယောက်နဲ့ တစ်ယောက် အားသာချက် အားနည်ချက်တွေကို ညှိနှိုင်းရင်းနဲ့ ကိုယ့်ချစ်သူ အတွေးအခေါ်တွေ မှားနေရင် ပညာသားပါပါ တည့်မတ်ပေးပါ။ ကိုယ် ချစ်ရသူကို အသိပညာ အတတ်ပညာ မျှဝေပေးတာက ခင်ပွန်းကောင်း မယားမြတ်တွေရဲ့ လုပ်ရပ်တစ်ခုပါ။

6) အလိုက်သိပါ

အလိုက်သိတာဟာ မွေးလာကတည်းက ပါလာတာ မဟုတ်ပါဘူး။ လူတစ်ယောက်ကို အမှန်တကယ် ချစ်မိမှသာ ကိုယ့်ချစ်သူက ဘာလိုချင်တာ ဘာဖြစ်ချင်တာ ဆိုတာကို စိတ်ထဲက အလိုလို သိလာပီး လိုက်လျောသင့်တာကို အလိုက်တသိ ဖြည့်ဆည်း ပေးတာမျိုးပါ။ လူ့ရဲ့ သဘာဝက ကိုယ့်အပေါ် အတတ်နိုင်ဆုံး နားလည်ပေးပီး အလိုက်သိတဲ့ သူမျိုးကို သေသွားရင်တောင် မမေ့တတ်ကြဘဲ မချစ်ဘဲ ကိုယ့်ကို အပျော်တွဲနေတဲ့သူတောင် ကိုယ်က စစ်မှန်တဲ့ မေတ္တာပေးပီး အလိုက်သိနေခဲ့ရင် ကိုယ့်အပေါ် မေတ္တာသက်ဝင် လာတာမျိုးပါ။

7) ရှောင်သင့်တာ ရှောင်ပါ

ချစ်သူ မကြိုက်တဲ့ အမူအကျင့် တွေကို ပြင်ဆင် ရှောင်ရှားခြင်းက ကိုယ်မကြိုက်တဲ့ ကိစ္စတွေမှာလည်း ကိုယ့်ချစ်သူက အလိုက်တသိ ပြင်ဆင်နေထိုင် ပါလိမ့်မယ်။ တစ်ချိုသော လမ်းခွဲခြင်းတွေမှာ ဘာမဟုတ်တဲ့ အရွဲ့တိုက် အမူအကျင့်ဆိုးလေး တစ်ခုကြောင့် သည်းခံမှုတွေ ကုန်ဆုံးပီး စိတ်ကုန်ခြင်းတွေ ကြီးစိုးလာကာ
နားလည်မှုတွေ ကုန်ခမ်းလာခြင်းပါ။

ကိုယ်က လူတစ်ယောက်ကို ချစ်မိရင်တော့ စွန့်လွှတ် အနစ်နာခံခြင်း ဆိုတာ ဖြစ်ပေါ်လာမှာဖြစ်ပီး ကိုယ့်ရဲ့ တစ်ချို့သော အကျင့်စရိုက်တွေကို စွန့်လွှတ်ပေးရတာလည်း ရှိနေတတ်တယ်။ တစ်ခါတစ်လေမှာ ချစ်သူနဲ့ အကျိုးစီးပွား နှိုင်းယှဉ်လာရင် ချစ်သူကို ဦးစားပေးရတာ ရှိနေတတ်ပီး တစ်ခါတလေ ကျတော့ မာနနဲ့ ဂုဏ်သိက္ခာတွေပါ ပေးဆပ်ခဲ့ကြရတယ်။

ပေးဆပ်တယ် ဆိုတာကို လူတစ်ချို့က အသွေးအသားကို ပေးဆပ်ရတယ်လို့ ထင်နေတတ်ကြတယ်… အသွေးအသား ပေးဆပ်တယ်ဆိုတာက ချည်နှောင်မှုနဲ့ မျှော်လင့်ချက်တွေ ပါဝင်တတ်တယ်။ ကိုယ့်ချစ်သူ လိုအပ်ချက်တွေကို ကိုယ်က အနစ်နာခံပီး မျှော်လင့်ချက်မထားပဲ စိတ်ထဲက အလိုလို လိုလိုလားလား ပေးဆပ်ခြင်းကသာ စစ်မှန်သော ပေးဆပ်ခြင်းပါ။

လေးစားစွာဖြင့်♥ ♥
ဇင်းနစ်​ မကွေး

No comments

Powered by Blogger.