ဆရာလေးကို ရှာပြီး ချစ်လိုက်ပါ
ကျောင်းဆရာလေးကို ချစ်ခြင်း ၊ လက်ထပ်ခြင်း အားဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ
(1) ကျောင်းဆရာလေးကို ချစ်သူ အိမ်ထောင်ဘက် အဖြစ် ရွေးချယ်ခြင်း အားဖြင့် သင့်ချစ်သူ အခြားသူနဲ့ ကျူ မှာကို ပူစရာ မလိုတော့ပါဘူး ။ ကျောင်းဆရာတွေက တစ်နေ့ ( ၅ ) နာရီ စာသင်ခန်းထဲမှာ ရှိနေတဲ့ အတွက် သူတို့မှာ ကျူ ချိန် မရှိပါဘူး ။
(2) သင့်ချစ်သူ အရက်သမားဖြစ်မှာ စိုးရိမ်နေပါသလား ။ မစိုးရိမ်ပါနဲ့ ။
ကျောင်းဆရာတွေက တစ်ခါတစ်လေ သောက်ချင် သောက်လိမ့်မယ် ။ အလွန်အကျွံကြီး ဖြစ်မှာ မဟုတ်ပါဘူး ။ သူတို့ဟာ ထိန်းသိမ်းပြီးသား တွေပါ ။ နောက်နေ့ စာသင်ခန်း ဝင်ရမယ် ဆိုတာ သူတို့ သိနေပါတယ် ။
(3) သင့် သူငယ်ချင်းတွေ (သို့မဟုတ်) သင့်ပတ်ဝန်းကျင် နဲ့ အဆင်မပြေမှာ စိုးရိမ်နေပါ သလား ။
မစိုးရိမ်ပါနဲ့ ။ စကားအပြောအဆို ချိုသာ ယဉ်ကျေးသူ တွေမို့ ယဉ်ကျေးစွာ ပြောတတ်ပြီးသားပါ ။
(4) ဘာသာရေး အတွက်လား မစိုးရိမ်နဲ့ ။ သြကာသ အစ အဆုံး သူတို့ ရတယ် ။ ကလေးတွေကို သင်ပေးနေကြ ။
(5) သင့်ချစ်သူ သင့်မိဘ သဘောမတူမှာ စိုးရိမ်နေပါ သလား ။ မစိုးရိမ်ပါနဲ့ ။
သမာ အာဇီဝ ကျတဲ့ လုပ်ငန်း ပိုင်ရှင်တွေ မို့ သဘောကျပြီးသား ဖြစ်မှာပါ။
(6) သင့်ချစ်သူ ငွေ အသုံး အစွဲ ကြမ်းမှာ ကြောက်နေပါသလား ။ မကြောက်ပါနဲ့ ။
သူတို့ဟာ ချွေတာ သုံးစွဲတတ်သူ တွေပါ ။
(7) သင့်နဲ့ လျှောက်လည်ရမယ့် ရက်တွေ အတွက်လား ။ မစိုးရိမ်ပါနဲ့ ။
စနေ ၊ တနင်္ဂနွေ ပိတ်ရက်တွေ ရှိပါတယ် ။ အခါကြီး ရက်ကြီး တွေမှာ သင်နဲ့ အတူ ဘုရားဖူးနိုင် ပါသေးတယ်။
(8) သင်တို့ အိမ်ထောင်ကျပြီးလို့ သားတွေသမီးတွေ ရတဲ့အခါ သားသား မီးမီးတွေ အတွက် စိုးရိမ် ပူပန်မှုလား ။
မပူပါနဲ့ ။ သူတို့ဟာ ကလေးတွေ အများကြီးကို ထိန်းလာတဲ့ သူတွေပါ ။
(9) ကဲ ကျောင်းဆရာလေး ဆို အထူး ပြောစရာ မလိုတော့ပါဘူး ။
သင့်ရဲ့ ပူပန်မှု တွေကို ငြိမ်းချမ်းမှုတွေ ပေးနိုင်မှာပါ။
ချစ်သူ အဖြစ် ရွေးချယ်တော့မယ် ဆိုပါက ကျောင်းဆရာလေး ကိုသာ ရွေးချယ်လိုက်ပါတော့ဗျာ ။
အရမ်းကြီး မမူလွန်းပဲနဲ့ အဖြေ ပေးစရာရှိရင်လည်း ပေးလိုက်ပါတော့ဗျာ ။
အိမ်ထောင်ဘက်ကောင်း တစ်ခု ဟုသာ တိုက်တွန်းလိုက်ပါရစေဗျာ ...... ။
Credit
Post a Comment