Header Ads

ယောက်ျားယူပါ



* အလုပ်ခွင်မှာ မကျေနပ်တာ မှန်သမျှ
သူ့ကို အတိုးချ ဆဲလို့ ရပါတယ်

* ပျော်ရွှင် လာတာ ရှိရင်
သူ့အပေါ် အားရ ပါးရ ခုန်တက်လို့ ရပါတယ်

* ကိုယ် နေမကောင်း ခဲ့ရင်လည်း
အသားကုန်ချွဲ ရေသာခိုလို့ ရပါတယ်

* ထမင်းစားပြီး ပန်းကန်ဆေးဖို့ ပျင်းရင်
ခြိမ်းခြောက် ခိုင်းလို့ ရပါတယ်

* ဗိုက်ဆာတဲ့ အခါ
Mini mart မှာ တူတူ အသင့်စားလို့ ရတာတွေ ထွက်ဝယ်လို့ ရပါတယ်

* လကုန်လို့ ကိုယ့်လခ မလောက်ရင်
သူ့ လခကို ရုပ်တည်နဲ့ ကိုယ့်ဟာ လုပ်ပစ်လို့ ရပါတယ်

* ကိုရီးယားကား ကြည့်ရင်း မင်းသားကို အသဲယားလာရင်
ဘေးက သူ့ကို ကိုက်လို့ ရပါတယ်

* Facebook ပေါ်မှာ မကျေနပ်တဲ့သူ အကြောင်းကို
စောဒဂ မတက်ပဲ အတင် ပြောသမျှ နားထောင်ပေးပါ သေးတယ်

* လကုန်ရင် ဟိုဟာ ဝယ်ပေးမယ် ဒီဟာ ဝယ်ပေးမယ် ပြောပြီး
ဘာမှ မဝယ်ပေးလည်း ရပါသေးတယ်

* ဒူးရင်းသီး မကြိုက်တတ် ပေမဲ့လည်း
နှာခေါင်း ရှုံ့ပြီး ဝယ်လာပေးတတ်သူလည်း ဖြစ်ပါသေးတယ်

ဒါကြောင့် ယောကျာ်း ယူဖြစ်အောင် ယူပါ။
မယူပါက အထက်ပါ ကိစ္စ အဝဝများအား
ကူကယ်ရာမဲ့စွာ တစ်ယောက်တည်း ရင်ဆိုင်ရမည် ဖြစ်သည် ။

မဂျူး

No comments

Powered by Blogger.