ချစ်သူကို နိုင်ကွက်နင်းထားသောအခါ
" ဖျက်စမ်း ... အခုဖျက် "
" ဘာလဲ ... မောင်ရဲ့ "
အောင်မာ ငါ့ကို facebook မသုံးတတ်တဲ့
ငပိန်းများ မှတ်နေလား မသိဘူး
မသိသလိုလိုနဲ့ လာပြန်မေးနေ သေးတယ်
" နင် ... ဟိုကောင့် ကို comment ပေးထားတာလေ
အသဲပုံ စတစ်ကာလေး နဲ့ ... "
" ဪ ... အာ့ ခင်လို့ပဲဟာ "
" မရဘူး ... အဲလို စတစ်ကာတွေ မပေးနဲ့
နင့်ဘဲက အရှင်လတ်လတ်ကြီး ရှိသေးတယ် "
ဘယ်ရမလဲ ဒီတခါ ကျုပ်အလှည့်လေ ...
တချိန်လုံး ဒင်းချည်း ရစ်လာတာ ...
အခု ကျုပ်ရစ်ဖို့ အကြောင်း ရှာမရတာနဲ့
သူ့ facebook အကောင့် ထဲ ဝင်မွှေပြီး ရှာကြံ ရစ်ရတော့တာပဲ
မယ်မင်းကြီးမ ကတော့ သိပ်ကျေနပ်ပုံ မရဘူး
ဆောင့်ကြီး အောင့်ကြီးနဲ့
" ရော့ကွာ ... ဖျက်ပြီ မရစ်နဲ့တော့နော် မောင် "
" ကျန်သေးတယ် "
" ဟင် ... ဘယ်မှာလဲ ပြ "
" ဟို status မှာလေ ...
ဘယ်ကကောင်တုန်း နင့်ကို ဝင်မန့်ထားတာ ...
မွချိ မွချိ ဆိုလား "
" ဟာ ...
အာ့ သူ့သူ လာမန့်တာပဲဟာ
ချစ် မန့်တာ မဟုတ်ဘူးလေ "
" မရဘူး ... အဲ့ statusပါ ဖျက်
အာရုံ နောက်တယ် "
မှတ်ပလား ...
သူ့အလှည့် တုန်းက ကျုပ်မှာ ဟိုဟာမလုပ်နဲ့ ဆိုလည်း မလုပ်ရ ..
ဒီဟာ မလုပ်နဲ့ ဆိုလည်း မလုပ်ရ ...
အခုတော့ အဲ့ခံစားချက်တွေကို ဒင်း ခံစားနေရပြီလေ
" ရပီလား ... ဖျက်ပြီးပြီ "
" ဟင့်အင်း ... password ပေး "
" မေ့ဝါးဘီ "
မယ်မင်းကြီးမက အာ့မျိုးကျ လည်တယ်
Password လည်း တောင်းရော
ရူးချင်ယောင် ဆောင်တော့ တာပဲ
" ဘာ password က မေ့စရာလား "
" တကယ် မေ့တာ "
ဟွင်းဟွင်း ... ရတယ်လေ
ဒင်း လည်တယ် ဆိုတာ ကျုပ်အိပ်နေသလောက်ပဲ ရှိသေးတယ် ...
" အာ့ဆို ဖုန်းလဲ ကိုင်မယ် "
" ညယ် .. "
ငတိမ အကြပ် ရိုက်လေပြီ ...
password ပေးရမယ် ဆိုတော့ လက်တွေ တုန်ပြီး ဒင်းမျက်နှာက သွေး မလျှောက်တော့ဘူး
ဘယ်ရမလည်း ... ကျုပ်ကလည်း အခွင့်သာတုန်း ဖိထားမှ
" ကဲ ... ချစ် အခုတော့ သိပြီမလား "
" ဘာလို့လဲဟင် "
" နောက်ဆို ချစ်လည်း မောင့်ကို
အကြောင်းမရှိ အကြောင်းရှာပြီး မရစ်နဲ့တော့ "
" ဟုတ် "
" မောင်လည်း မရစ်ဘူး "
" အာ့ဆို password ပေးဈာ လိုတော့ဝူးလား ဟင် "
" လိုပါဝူး ... မောင်က ချစ်လို့ စတာ
ရင်ထဲမှာ ချစ်နေဖို့က အဓိက "
" ယေး "
အဲဒီနေ့က စပြီး ဒင်းလည်း ကျုပ်ကို မရစ်ရဲ တော့ဘူး
ရစ်တာနဲ့ ကျုပ်က password တောင်းပြီလေ
နိုင်ကွက် တစ်ကွက် ရသွားတယ် ဆိုပါတော့
အမယ် ငတိမကလည်း အသက်သာ အသေ ခံသွားမယ်
Password တော့ လုံးဝ မပေးနိုင်ဘူး ဆိုတဲ့ သဘော
ဒါပေမယ့်လည်း ခုတော့ တခြားကောင်နဲ့ ညားသွားပါပြီ .........
facebook ကနေ ဖြစ်သွားကြတာတဲ့ သေရော ...
အဲလိုမှန်း သိရင် အစတည်းက password ရအောင် တောင်းခဲ့ပါတယ်
နောက်ဆုံးတော့ ခံလိုက်ရတာ ကျုပ်ပဲ ...
တောက်စ် !!
အန့်အောဘ
စိန်သောင်း
Post a Comment