အိမ်ထောင်ရေး ကြာရှည် ခိုင်မြဲစေဖို့
1) အပြန်အလှန် လေးစားမှုရှိပါ
ခင်ပွန်းသည်ကလည်း ဇနီးဖြစ်တဲ့သူကို လေးစားပါ။ ဇနီးသည်ကလည်း ခင်ပွန်းကို လေးစားပါ။ ဒီလို အပြန်အလှန် လေးစားခြင်းဟာ အိမ်ထောင်ရေး ခိုင်မြဲဖို့ အတွက် အခြေခံ အုတ်မြစ်တစ်ခု ဆိုလည်း မှားမယ် မထင်ပါဘူး။
2) အနစ်နာခံခြင်း
ခင်ပွန်းသည် အတွက် ဇနီးသည်က အနစ်နာခံ သလို ဇနီးသည်အတွက်လည်း ခင်ပွန်းက အနစ်နာ ခံပေးပါ။ ဒီလိုမဟုတ်ပဲ ဘယ်သူ သာတယ် ဘယ်သူ နာတယ် ဆိုပီး တွေးတောနေရင်တော့ မကောင်းပါဘူးနော်။
3) ယုံကြည်မှု
ဘာမဟုတ်တဲ့ ကိစ္စလောက်ကို သံသယထား မတွေးသင့်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ယုံကြည်မှု ထားရှိခြင်းအားဖြင့် ပြဿနာများကို အတော်အတန် ဖြေရှင်းနိုင်ပါလိမ့်မယ်။
4) တာဝန် ကျေပွန်ပါစေ
ခင်ပွန်းသည်မှာလည်း ခင်ပွန်း တာဝန်ယူထားတဲ့ တာဝန် ရှိသလို ဇနီးသည်မှာလည်း ဇနီးသည် တာဝန်ယူတဲ့ ကိစ္စ တာဝန်တွေ ရှိကြပါတယ်။ ဒီတာဝန်တွေကို နှစ်ယောက်လုံး ကျေပွန်ကြပါစေ။
5) မေတ္တာစစ်နဲ့ချစ်ပါ
ချစ်ခြင်း မေတ္တာ ဆိုတာ ကြီးမား ကျယ်ပြန့်ပါတယ်။ မိမိရဲ့ အိမ်ထောင်ဖက် အပေါ် ချစ်မှသာ အိမ်ထောင်ရေးက ရေရှည် ခိုင်မြဲမှာ ဖြစ်ပါတယ်။ ဒီလို မဟုတ်ဘဲ ချစ်ခြင်း မေတ္တာ မရှိတဲ့ အိမ်ထောင်ရေး ဆိုရင်တော့ ရေရှည် ခိုင်မြဲဖို့ဆိုတာ ခက်ခဲလှပါတယ်။
Credit
Post a Comment