Header Ads

လူပြောများနေတဲ့ ဆိုဖီယာရဲ့ ပွဲတက်ဖက်ရှင်


မာပီးစူးရှတဲ့ အသံပိုင်ရှင်ဖြစ်တဲ့ အဆိုတော် ဆိုဖီယာကတော့ လက်တလော လူမှုကွန်ယက်မှာ သူမရဲ့ ပွဲတက်ဖက်ရှင် လေးတစ်ခုနဲ့ ပတ်သတ်ပြီး အရမ်းကို လူပြောများလို့ နေပါတယ်။ ဆိုဖီယာကတော့ အနောက်တိုင်းဆန်တဲ့ မျက်နှာ လေးနဲ့ အမြဲတမ်း ဖက်ရှင်ကျကျဝတ်ဆင်လေ့ရှိတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။



ဒါပေမယ့် ဒီတစ်ခေါက် ပွဲတက်တဲ့ ဖက်ရှင်လေးကတော့ ပရိသတ်တွေ အမြင်မှာ နဲနဲလေး ဟော့ဖြစ်နေခဲ့ပြီး သဘောကျတဲ့ ပရိသတ် တွေရှိသလို ဝေဖန်တဲ့ ပရိသတ်တွေလည်း များစွာ ထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ ဖက်ရှင်လေးကတော့ လူငယ်ဆန်ပီး ပေါ့ပေါ့ပါးပါးရှိပေမယ့် အရမ်းကို ပါးလွာတဲ့ ဇာအဝတ်စကို အသုံးပြုထားကာ အတွင်းကို တိုက်ရိုက် မြင်တွေ့နေရတဲ့ အကျီ ပုံစံလေးဖြစ်တာကြောင့် ပရိသတ်တွေကြားမှာ အရမ်းကို ဂယက်ထ သွားစေခဲ့တာပဲ ဖြစ်ပါတယ်။



သူမက မေလ( ၁၉) ရက်နေ့က ပြုလုပ် ကျင်းပခဲ့တဲ့ အဆိုတော် X Box ရဲ့ X Boxing party house ပါတီပွဲလေးမှာ ဝတ်ဆင်ခဲ့တဲ့တာပဲ ဖြစ်ပါတယ်။ အခုနောက်ပိုင်း Show ပွဲတော်တော် များများမှာလည်း အရမ်းမိုက်တဲ့ အလန်းစား ဖက်ရှင်တွေနဲ့ ပရိသတ်တွေ သတိထားမိလာတဲ့ အဆိုတော်မလေး တစ်ဦးပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အဆိုတော် စန္ဒီမြင့်လွင်နဲ့ ပူးတွဲသီဆိုထားတဲ့ IDFC သီချင်လေး ထွက်ရှိထားပြီး ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု အရမ်းကို မြင့်တက်နေပါတယ်။



အမိုက်စား သီချင်း စာသားတွေအပြင် အမိုက်စား MTV ရိုက်ကွင်းတွေကလည်း ပရိသတ်တွေကို ကြွေစေခဲ့ပြီး အဓိက မိန်းကလေး ပရိသတ်တွေကြားမှာ ပိုပြီး စိတ်ဝင်စားစေခဲ့တာပဲ ဖြစ်ပါတယ်။ သူမကတော့ လက်ရှိမှာ နင်ရဲ့ဆိုတဲ့ တစ်ကိုယ်တော် တေးစီရီးလေးလည်း ထွက် ရှိထားပါတယ်။




အရင်းအမြစ် – ဆိုဖီယာ

No comments

Powered by Blogger.