Header Ads

ကိုကိုတွေနဲ့ ချစ်ရင် ဒီလိုမျိုး အချစ်ခံရမှာပါ


ကိုကိုတွေကို ချစ်မိရင် ပိုပြီးတော့ အချစ်ခံရတယ်။ ပိုပြီး ဆိုးလို့ရသလို ကလေးတစ်ယောက် လိုလည်း ချွဲလို့ ရပါသေးတယ်။ ကိုကိုတွေက ဆုံးမတတ်သလို လမ်းပြပေး တတ်ပါတယ်။ အဲ့ဒါကြောင့် မိန်းကလေး အများစုက ကိုကိုတွေကို ချစ်ကြတာ များပါတယ်။

1) ကိုကိုနဲ့ ချစ်မိရင် အသေးစိတ်ကအစ ဂရုစိုက်ခံရတယ်

သင်မှာ မေ့တတ်တာရှိရင် အမြဲ သတိလိုက်ပေး နေတတ်တယ်။ သင့်ရဲ့ အသေးစိတ် လိုအပ်ချက်ကအစ ဂရုစိုက်ပေးတယ်။ ကိုကိုတွေက အကြီးဆိုပြီး အနစ်နာလည်း ခံတတ်သေးတယ်။ သင်အပြစ် လုပ်မိလို့ “ဆောရီးနော် ကိုကို” လို့ ပြောလိုက်တာနဲ့ အရည်ပျော် သွားတတ်တာ ကိုကိုတွေပါ။ 😊

2) ကိုကိုနဲ့ ချစ်မိရင် ဆုံးမတာ ခံရတယ်

အတိုအပြတ်တွေ ၀တ်ရင် ဆုံးမတတ်သေးတာ ကိုကိုတွေပါ။ မြန်မာဆန်တာလေးမှ ကိုကိုတွေက ရင်ခုန်တတ်ကြတာပါ။ ကိုကိုတွေက သူတို့ရခဲ့တဲ့ ဘ၀သင်ခန်းစာ တွေနဲ့ ဆုံးမတတ်သေးတယ်။ မှားနေတာရှိရင် အမှန်ကို လမ်းပြတတ်သေးတယ်။ 😊

3) ကိုကိုနဲ့ ချစ်မိရင် အရေးပေး ခံရတယ်

ဘယ်ကိစ္စမဆို သင့်ကို အရေးပေးတယ်။ သင့်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း အရေးပေးပြီး ဦးစားပေးတယ်။ သူလုပ်ချင်တာထက် သင်လုပ်ချင်တာ၊ ဖြစ်ချင်တာကို ဦးစားပေးတယ်။ သင်ထက် သက်တစ်နှစ်ပဲ ကြီးတယ်ဆိုရင်တောင် သင့်ကို ကလေးတစ်ယောက်လို ချစ်နေတတ်သေးတယ်။ 😘


4) ကိုကိုနဲ့ ချစ်မိရင် သ၀န်တိုတာတွေ မရှိဘူး

ကိုကိုတွေက ရင့်ကျက်နေပြီ ဖြစ်လို့ သ၀န်တိုတာတွေ မရှိပါဘူး။😊 သ၀န်တိုတယ် ဆိုတာ တစ်ယောက်နဲ့တစ်ယောက် မယုံကြည်ရမှသာ သ၀န်တိုကြတာလို့ တွေးနေတတ်ကြတာ ကိုကိုတွေပါ။ ကိုကိုတွေ အများစုက သ၀န်မတို ကြပါဘူး။ ဒါပေမယ့် ကိုကိုတွေ သ၀န်တိုပြီ ဆိုရင်တော့ သူများနဲ့ မတူအောင်ကို တိုတတ်ပါတယ်။😖😛😜

5) ကိုကိုနဲ့ ချစ်မိရင် အလိုလိုက် ခံရတယ်

ကိုကိုတွေက အကြီးဆိုပြီး အလိုလိုက် တတ်သေးတယ်။ ကိုကိုနဲ့ ချစ်မိရင်တော့ အလိုလိုက် ခံရတယ်။ သင်ဆိုးသမျှ ကိုလည်း သည်းခံတတ်တယ်။ 😖အချွဲခံရတာ ကြိုက်ကြတာ ကိုကိုတွေပါ။

😊😝😋

credit မူရင်းရေးသူ

No comments

Powered by Blogger.