Header Ads

သိပ်ချစ်တတ်တဲ့ မိန်းကလေးကို စိတ်ဆိုးအောင်ပဲ လုပ်ပါ စိတ်နာအောင် မလုပ်ပါနဲ့..


သိပ်ချစ်တတ်တဲ့ မိန်းကလေး တစ်ယောက်ဆီမှာ စိတ်ဆိုး စိတ်ကောက်တာ တွေတော့ မရှိပါဘူး.. အမြဲတမ်း ခွင့်လွှတ်ပေး တတ်တယ်...

ဒါပေမယ့် သူတို့မှာ ပြုပြင်ပေးလို့ မရတဲ့ အရာတစ်ခုတော့ ရှိတယ်.. အဲ့ဒါကတော့ စိတ်နာတတ်တယ်...

ဒါကြောင့် မင်းကိုချစ်တဲ့ မိန်းကလေးတစ်ယောက်ကို စိတ်ဆိုးအောင်ပဲ လုပ်ပါ.. စိတ်နာအောင်တော့ မလုပ်ပါနဲ့..

စိတ်နာသွားရင် ပြန်လှည့် မကြည့်တတ်တာ အစွဲလမ်းကြီးတဲ့ မိန်းကလေးတိုင်းမှာ ရှိနေလို့ပဲ...

ဘယ်အရာမှ ကြိုတင် တွက်ဆထားလို့ မရပါဘူး...

အကြိမ်ကြိမ် နာကျင်အောင် လုပ်ခဲ့သမျှ မင်းရဲ့ရွေးချယ်မှုဟာ တစ်နေ့ သူသာဖြစ်ခဲ့ရင်ဆိုတဲ့ စိတ်နဲ့ စိတ်မဆိုးခဲ့ဘူး နားလည်ပေးနိုင်ခဲ့ပေမယ့်..

နာကျင်မှု သည်းခံမှုတွေနဲ့ ရင့်ကျက်လာတဲ့ မိန်းကလေး တစ်ယောက်ဟာ နှလုံးသား အစိတ်စိတ် အမွှာမွှာ ကွဲကြေနေတာတောင် အများအမြင်မှာ အပြုံးမပျက် နေတတ်လာပြီ ဆိုရင်...

အရင်လို မင်းကို စိတ်ပူတာမျိုး ရှိတော့မှာ မဟုတ်ဘူး..

အရင်လို မင်းကို သဝန်တိုတာမျိုး ရှိတော့မှာ မဟုတ်ဘူး..

အရင်လို မင်းနဲ့ ငြင်းခုံတာတွေ စိတ်ဆိုးစိတ်ကောက်တာတွေ ရှိတော့မှာ မဟုတ်ဘူး...

သူကို ဂရုစိုက်သည်ဖြစ်စေ မစိုက်သည်ဖြစ်စေ စိတ်မဝင်စားတော့ဘူး...

မင်းကို ရင်နာနာနဲ့ ဆက်ချစ်ဖို့လည်း မကြိုးစားတော့သလို မင်းနဲ့ ပတ်သတ်တဲ့ အကြောင်းအရာ တစ်ခုချင်းစီကို ဂရုစိုက် နေတော့မှာ မဟုတ်ဘူး...

အဲ့ဒီ အချိန်ကျမှ သူရဲ့ ဂရုစိုက်မှုတွေ ကြင်နာမှုလေးတွေကို ပြန်လွမ်းဆွတ်နေလို့ ဘာမှထူးလာမှာ မဟုတ်ဘူး ဆိုတာ သတိမထားခဲ့ရင်...

သူမရှိပဲ မင်း နေတတ်ရင် နေကြည့်လိုက်ပါ... သူလည်း မင်းကို တစ်ဘဝစာ မလွမ်းဖို့ တာဝန်ယူသွားမယ် ဆိုတာ အသေချာပါပဲ..

🌠ကြယ်လင်းခန့်

No comments

Powered by Blogger.