Header Ads

ဆန္ဒစောပီး .... အချစ် ​မ​လောမိပါ​စေနဲ့


သင်​ဘ၀မှာ ကြားဖူးနားဝ ရှိခဲ့တာ​တွေက​နေ ​ယောက်ကျား​တွေဟာ ဒီလိုပါပဲ မ​ကောင်းပါဘူး ဆိုပြီး သင့်ရုံ​ တော်​ရုံ​လောက်​နဲ့ မျက်​စိ စုံမှိတ်​ပြီး မ​ရွေးချယ်​လိုက် ​ပါနဲ့ ။ အပြင်​​လောကမှာ ​ကောင်းတဲ့ ​ယောက်ကျားတွေ အများကြီး ရှိပါသေးတယ် ​။  

(1) စောင့်​စည်း ထိန်းသိမ်း တတ်​ပြီး ဘဝတ​လျှောက်​လုံး ချစ်​ခြင်း​ မေတ္တာ​တွေနဲ့ ဖြတ်​သန်းခဲ့ ရတဲ့ ​ယောင်္ကျားမျိုး ။

(2) သူ့ရဲ့ ဘဝမှာ တခါမှ မလုပ်​ဖူး​တာ​တွေကိုလည်း သင့်​မျက်​နှာမှာ အပြုံး​လေး တပွင့်​ မြင်​ရဖို့ ၊ သင်​​ပျော်​ရွှင်​ရဖို့ လုပ်​​ပေးတက်​တဲ့ ​ယောက်ကျားမျိုး ။

(3) သင့်​အ​ပေါ်မှာ အမြဲ မှန်​မှန်ကန်ကန်​​ ​နေတာ​ကြောင့်​ သူ့ရဲ့ လုပ်​ရပ်​​တွေ အ​ပေါ် သင်​ လုံးဝ ​မေးခွန်း ထုတ်​စရာမလိုတဲ့ ​​ယောက်ကျားမျိုး ။

(4) သူလုပ်​သမျှတိုင်းက သင့်​ကို ကာကွယ်​ဖို့  ၊ သင့်​အ​ပေါ်​ ကျ​ရောက်​လာမဲ့ အန္တရာယ်​​တွေကို ဖယ်​ရှားဖို့ ရည်​ရွယ်​​နေတဲ့ ​ယောက်ကျားမျိုး ။

(5) မှန်​ကန်​တာကိုပဲ ​ရွေးချယ်​ပြီး လုပ်​တက်​တာမို့ သင်​ကလဲ တန်​ဖိုးထားသင့်​တဲ့ ​ယောက်ကျားမျိုး ။

(6) အမှန်​တကယ်​ အ​ရေးကြီးတဲ့ ကိစ္စ​တွေကိုပဲ အာရုံစိုက်​ပြီး တစိုက်​မတ်​မတ်​ လုပ်​​ဆောင်​တက်​တဲ့ ​ယောက်ကျားမျိုး ။

(7) မိန်းမ အများစုဆီမှာ သူတို့ရဲ့ အချစ်​နဲ့ အချိန်​ကို ဖြုန်းတီးမဲ့ အစား ချစ်​ရသူ တ​ယောက်​ထဲ ကိုပဲ တဘဝလုံး ပုံအပ်​ထားချင်​တဲ့ ​ယောက်ကျားမျိုး ။

(8) မိန်းမတ​ယောက်​ကို နာကျင်​​စေဖို့ ​နေ​နေ သာသာ တခြားသူ ရင်​ခွင်​က​နေ နာကျင်​မှု ​တွေနဲ့ ထွက်​​ပြေးလာရင်​​တောင်​ သူအချစ်​​တွေနဲ့ ကုစား​ပေးချင်​တဲ့ ​​ယောက်ကျားမျိုး ။

(9) ဘယ်​သူကမှ ချစ်​မပြနိုင်​တဲ့ ချစ်​ခြင်းမျိုးနဲ့ သင့်​ကို ချစ်​နိုင်​ဖို့အမြဲ စဉ်းစား​နေတတ်တဲ့ ​ယောက်ကျားမျိုး ။

ဒီလို ​ယောက်ကျားမျိုးတွေ ရှိကို ရှိပါတယ် ​။ စိတ်​​စောပြီး သင်​နဲ့ မထိုက်​တန်​တဲ့ သူ တ​ယောက်​ဆီ မှာပဲ ဘဝကို မပုံအပ်​လိုက် ​ပါနဲ့ဦး ။ တ​နေ့​တော့ သင့်​ဆီကို မလွဲမ​သွေ ​ရောက်​လာမှာပါ .... ။

ကွီးမိုး

No comments

Powered by Blogger.