အသက် 35 - 40 အရွယ် ပတ်ချာလည်တွေကို အခုချက်ချင်း ဆွဲစိပြီး ရည်းစားတော်သင့်တဲ့ အချက် (13) ချက်
(1) ဒီ 35 - 40 အရွယ်တန်းတွေ ဆိုတာက အနေတော်မှာ ချလိုက်တဲ့ ကုလားပဲအိုးလိုပဲ ၊ မာဆတ်ဆတ်ကြီးလည်း ဖြစ်မနေဘူး ၊ ပြဲလည်း မပြဲသလို ၊ တူးလည်း မတူးဘူး ၊ ပြောရရင် နူးပြီး အိနေကြပြီပေါ့၊ အဆင်သင့် ခူးခပ်ပြီး စားရုံပဲ ။
(2) နောက်ပြီးတော့ ဒီအရွယ်တွေက ရည်းစားနဲ့ ဖုန်းပြောဖို့ ဖုန်းဘေလ် ပြေးစစ်ရတဲ့ အထဲမှာ မပါဘူး၊ သူတို့က အလုပ်နဲ့ အကိုင်နဲ့ အထုပ်နဲ့ အထည်နဲ့ ဖြစ်နေကြပြီ ။
(3) နောက်တချက်က သူတို့ဟာ ချက်ဆို နားကွက်က မီးဟုန်းဟုန်း တောက်နေကြပြီ ၊ အရိပ်ပြရုံနဲ့တင် အကောင် တင်မကဘဲ အသွေးရော အသားပါ ထိုးဖောက်ပြီး ကွက်ကျော် မြင်တတ်နေ ကြပြီ ။
(4) အရေးကြီးတဲ့ တစ်ချက်က သူတို့ဟာ ဆိုးလို့ ဝနေကြပြီ၊ မလုပ်ဘူးတာ မရှိ၊ မစမ်းဘူးတာ မရှိ ၊ မကလိဘူးတာ မရှိ ၊ ဒီတော့ ဒီတချီသာ ပွပေါက်တိုးလို့ ကတော့ ဒီတသက် လိမ္မာပြီကွာ ဆိုတဲ့ အတွေးကို ရင်ဝယ်ပိုက် လာကြပြီ ။
(5) နောက်တခုက ဒီအရွယ်တန်းတွေဟာ လူပါး တော်တော် ဝနေကြပြီ၊ သူတို့က တော်ရုံ တန်ရုံ ကြုံရမယ့် လောကဓံလောက်ကတော့ နည်းနည်းလေးမှ မဖြုံတော့ဘူး ။
(6) နောက်ပြီး သူတို့ဟာ လိုရင်းကို တိုတိုရှင်းရှင်းပဲ လုပ်ချင် ကိုင်ချင်နေ ကြပြီ၊ ဝှေ့မနေတော့ဘူး ၊ ဒဲ့ပဲ၊ အီစီကလီတွေ၊ မူလဂျီတွန်တီတွေကို လုံးဝ စိတ်မဝင်စားဘူး ။
(7) သူတို့ဟာ နေရာတကာမှာ ဆရာ ကျနေကြပြီဖြစ်လို့ သူတို့လက်ထဲကို သင့်ဘဝကြီး ဝကွက်အပ်လို့ ရနေပြီ၊ ဆိုလိုတာက မြင်ရုံနဲ့တင် အားကိုးချင်စရာကြီး တွေပေါ့ ။
(8) ကိုကို ခေါ်ရင် " ဗျာ " တန်းထူးတာ၊ " မောင် " ဆိုတာနဲ့ ငေါက်ကနဲ ထထိုင်တာ ဒီအရွယ်တန်းတွေ ပါပဲ ၊ သူတို့ဟာ ဂျစ်ကန်ကန်တွေ မဟုတ်ဘူး၊ မိုက်ကန်းကန်း မလုပ်ဘူး ။
(9) သင်ဆိုးချင်တိုင် ဆိုး၊ ကောက်ချင်တိုင်း ကောက်၊ ချွဲချင်တိုင်း ချွဲ၊ နွဲ့ချင်တိုင်း နွဲ့တာတွေကို သည်းခံနိုင်တဲ့ နေရာမှာ သူတို့အရွယ်တွေ က နိုးတူး ပါပဲ၊ သူတို့ဟာ သင်ကျင့်သမျှ ( အနိုင် ) ကို သွေးအေးအေးနဲ့ ရင်ဆိုင်မယ့် အာဂတွေ ပါပဲ ... ။
(10) သူတို့ဟာ အံတိုနေတဲ့ အမျိုး၊ အရေထူနေတဲ့ အစားတွေ ဖြစ်လို့ စိတ်ကောက်တာတွေ၊ ဂျီတိုက်တာတွေ၊ ရစ်တာတွေ၊ ချေတာတွေကို သိပ်မလုပ်ကြတော့ ပါဘူး ။
(11) နောက်ပြီး သူတို့ဟာ အတောင်စုံ၊ အလက်စုံပြီး အလုပ်နဲ့ အကိုင်နဲ့ ဖြစ်နေကြတာမို့ ရွှေတွဲလဲ၊ ငွေတွဲလဲနဲ့ အိမ်တပြောင် မီးတဆောင်လောက်ကို အသာလေး " ဟချလောင်း " ဆိုပြီး လုပ်ပြနိုင်တဲ့ သူတွေ ဖြစ်ပါတယ် ။
(12) ဒီအရွယ်တွေဟာ သူတို့ဘဝမှာ ချီးထုပ်ပေါင်းများစွာကို ရင်ဆိုင်ကြုံတွေ့ ဖြတ်ကျော်လာကြသူချည်း ဖြစ်တာမို့ ဒီတစ်ခါတော့ အပိုင်ပဲကွ ဆိုပြီး အားခဲထားကြသူ တွေပါ ။
(13) ဆိုတော့ သူတို့အရွယ်တွေဟာ ဘောလုံးစကားနဲ့ ပြောရရင် အကောင်းဆုံး အချိန်ကို ရောက်နေကြသူတွေ ဖြစ်တာမို့ သင့်အနေနဲ့ ဒီထက် ပိုပြီး နောက်မကျခင် ခပ်မြန်မြန်လေး လက်သွက် ဖို့တော့ လိုနေကြောင်းပါ ။
Wai Phyo Maung
Post a Comment