ဘယ်တော့မှ မမေ့ပါနဲ့
ဘယ်တော့မှ မမေ့ပါနဲ့
တစ်ချိန်က မင်းကို နိမ့်ချဆက်ဆံခဲ့တဲ့ လူတချို့ကို
တစ်ချိန်မှာ မင်းကို မြင်ပီး ရှက်တတ်သွားအောင် မင်း ကြိုးစားပြလိုက် စမ်းပါ
ဘယ်တော့မှ မမေ့ပါနဲ့
တစ်ချိန်က မင်းအပေါ်မှာ ကောက်ကျစ်စဥ့်လဲခဲ့တဲ့ လူတချို့ကို
တစ်ချိန်မှာ မင်းကို မြင်ပီး ရှိန်းသွားစေအောင် မင်းလုပ်ပြရမယ်
ဘယ်တော့မှ မမေ့ပါနဲ့
တစ်ချိန်က မင်းစိတ်ဓာတ်ကျနေချိန် ရှောင်ဖယ်သွားတဲ့ လူတချို့ကို
မင်းကို မြင်ပီး ခေါင်းမဖော်နိုင်အောင် မင်း စွမ်းဆောင်ပြရမယ်
ဘယ်တော့မှ မမေ့ပါနဲ့
တစ်ချိန်က မင်းအပြောတွေကို နားမဝင်ခဲ့တဲ့ လူတချို့ကို
တစ်ချိန်မှာ မင်းဘာပြောပြော နားခံလာအောင် မင်းလေ့လာရမယ်
ဘယ်တော့မှ မမေ့ပါနဲ့
တစ်ချိန်က မင်းအပေါ် မကောင်းခဲ့တဲ့ လူတချို့ကို
တစ်ချိန်မှာ မင်းဘာလုပ်လုပ် အကောင်းမြင်လာ စေဖို့
မင်းရဲ့ အရည်အချင်းတွေကို ပြသလိုက် စမ်းပါ
ဘယ်တော့မှ မမေ့ပါနဲ့
မင်း အတိတ်က အကြောင်းအရာတွေကို အချိန်ယူပြီး
တစ်ခုခြင်း မင်းလုပ်နိုင်ကြောင်း ဖော်ပြလိုက်စမ်းပါ
မင်းကို မင်း သင်ပြလိုက်ရင် အားလုံးကို မင်းသင်ပြနိုင်လာ လိမ့်မယ်
အချိန်ရှိခိုက် လုံးလစိုက် တဲ့
မင်းစိတ်ထဲမှာ ရှိသမျှ မကြည်ဖြူတဲ့ လူတချို့ကို
တွန်းအားအဖြစ် သွပ်သွင်းပြီး ကြိုးစားလိုက် စမ်းပါ
လူတချို့ကို တန်ပြန်သက်ရောက်မှုအချို့ ပေးရအောင်လေ
Credit : MuYin
Post a Comment