ရည်းစားကို ပက်ပက်စက်စက် နိုင်နည်း
(1) သူ့ကို ဘယ်တော့မှ ဦးစားမပေးပါနဲ့
ဥပမာ ... မုန့်ဆိုင်ထိုင် စားပြီးတဲ့ အခါမျိုးမှာ ကိုယ်က အရင်ဦးဆုံး ပိုက်ဆံထုတ်ပြီးသာ ရှင်းပြစ်လိုက်
(2) စကားကို တစ်ခွန်းထက် ပိုပြီး မပြောခိုင်းနဲ့
ဥပမာ - " ကိုကို ... ဒါလေးဝယ်ပေးနော် " လို့ ပြောရင် ထပ်အပြောမခံနဲ့ ချက်ချင်းသာ ဝယ်ပေးလိုက်
(3) သူ့ခန္ဓာကိုယ် တကိုယ်လုံး အပေါ် ကိုယ့်လက်ချက်တွေပဲ ပြည့်နှက်နေပါစေ
ဥပမာ - နှုတ်ခမ်းနီတို့၊ လက်သည်းနီးတို့ ကိုယ်ကိုယ်တိုင် ဆိုးပေးပြစ်လိုက်
(4) ကိုယ့်စကား တစ်ခွန်းဆို တစ်ခွန်းပဲ ဖြစ်နေပါစေ
ဥပမာ - " ချစ် ... အိမ်မှာပဲ နေ " " ဘယ်ဆိုဘယ်မှ မသွားနဲ့ " " ကိုကို မုန့်ဝယ်ပြီး လာပို့ပေးမယ် " ဆိုတာမျိုး
(5) ဘယ်တော့မှ အကောင်း မပြောပါနဲ့
ဥပမာ - နေကြာစေ့ ခွာကျွေးရင် " ချစ်လက်ရာ မကြိုက်ဘူး ကိုကိုပဲ ခွာကျွေးမယ် " ဆိုတာမျိုး
(6) အရာရာ အလို မလိုက်ပါနဲ့
ဥပမာ - သူက ဖုန်း Bill ထည့်ပေးမယ် ဆိုရင်တောင် အထည့်မခံနဲ့ ကိုယ့်ဘာသာ ကိုယ်ဝယ် ထည့်ပြစ်လိုက်
(7) အမြဲတမ်း ရှေ့က ဦးဆောင်ပါ
ဥပမာ - Tuto ကူးတာတို့ Roll call ထိုးတာတို့ အချိုရည်ဘူးတို့ ရေဘူးတို့ အပိတ် အဖွင့် လုပ်တာတို့ ကိုယ်ကပဲ ဦးဆောင်ပြီး လုပ်ပေးပြစ်လိုက်
(8) အပြင် သိပ်မထွက်ခိုင်းနဲ့
ဥပမာ - သူက အချဉ်ပေါင်း စားချင်ရင် သွားဝယ်လိုက် ၊ ပြီးမှ သူ့ဆီ သွားပို့ပေးလိုက်
(9) ကိစ္စတိုင်းကို ကြိုပြီး အသိမပေးနဲ့
ဥပမာ - သူ့ Birthday အတွက် လွန်ခဲ့တဲ့ လကတည်းက Present ဝယ်ပေးထားတာမျိုး
(10) ဘယ်တော့မှ မကြောက်နဲ့
ဥပမာ - ခေါင်းခေါက်လဲ မကြောက်မရွံ့ အခေါက်ခံလိုက် ဗိုက်ခေါက်လိမ်ဆွဲလဲ မကြောက်မရွံ့ လိမ်ဆွဲခံလိုက် လက်ကိုကိုက်လဲ မကြောက်မရွံ့ အကိုက်ခံလိုက်
Aung Thu Moe
Post a Comment