Header Ads

ဝေးခဲ့တာ ကောင်းပါတယ်..


=========

အသက် ၁၆ နှစ်မှာ တွဲခဲ့တဲ့ ရည်းစားက အကြောင်းပြချက်မရှိ လမ်းခွဲခဲ့တယ်

အသက် ၂၁ မှာ တွဲခဲ့တဲ့ ရည်းစားက အိမ်က သဘောတူတဲ့ လူနဲ့ ယူရမယ် ဆိုပြီး လမ်းခွဲခဲ့တယ်

အသက် ၂၂ မှာ တွဲခဲ့တဲ့ ရည်းစားက ဖုန်းတည မဆက်မိတာလေးကို စိတ်ကောက်ပြီး လမ်းခွဲခဲ့တယ်

တွဲခဲ့သမျှ ရည်းစားတွေ တယောက်ပြီး တယောက် လမ်းခွဲသွားကြတော့ ကျွန်တော့်ကိုယ် ကျွန်တော်
စိတ်ပျက်လာတယ်။ အချစ် ဆိုတာကို မယုံကြည်တော့ဖူး။ မိန်းကလေးတွေနဲ့ စကားပြောရမှာ ကြောက်လာတယ်

အသက် ၂၅ ကျော်လာတဲ့ အခါမှာ ချစ်သူတယောက် ရခဲ့တယ်။ ချစ်သူသက်တမ်း ၂ နှစ်ကျော် လာတဲ့အခါ ကျွန်တော်တို့ လက်ထပ် ခဲ့ကြတယ်။

သူဟာ ဘာသာရေး ကိုင်းရှိုင်းတယ်။ မနက် ည ပရိတ်ပငှာန်း ရွတ်တယ်။ အိမ်မှုကိစ္စ နိုင်နင်းတယ်။ ကျွန်တော် စားချင်တာ အလိုက်တသိ ချက်ကျွေးတယ်။ ကျွန်တော့်ကို အလိုလိုက်တယ် ။

ကျွန်တော် အဲဒီအခါကျမှ သိတော့တယ်

ရှေ့ က တွဲခဲ့တဲ့ ရည်းစားတွေနဲ့  တယောက်ပြီး တယောက် ဝေးခဲ့တာ လမ်းခွဲ ခဲ့ရတာဟာ

အခုလို ကျွန်တော့်အပေါ် ကို အနစ်နာခံပြီး ပေးဆပ်မယ့် မိန်းကလေး တယောက် ရှိလာမှာဖြစ်လို့  ကံတရားက ရှေ့ က လူတွေနဲ့  ဝေး ကွာစေခဲ့တာကိုး ။

ဝေးခဲ့တာကောင်းပါတယ်

****
ဒီစာဖတ်နေသူ သင်ရော

လမ်းခွဲ ခံ ရပြီးပြီလား...

သင့်ကိုထားခဲ့တဲ့ တယောက်ထက် သင့်ကို အဆပေါင်းများစွာ ပိုချစ်နိုင်တဲ့ တယောက် ရှိလာမှာဖြစ်လို့  ကံတရားက သင့်ကို လမ်းခွဲစေခဲ့တာပါ

ဝေးခဲ့တာ ကောင်းပါတယ် ။

#Credit

No comments

Powered by Blogger.