BFF ရဲ့ ဈာပန
=============
သူ့ကို ကုတင်ပေါ်မှာ လှမ်းမြင်လိုက်တယ်။ သူ တောင့်တောင့်ကြီး အိပ်နေလိုက်တာများ ။ အရင်က အဆောင်မှာ ခွေးသေ၊ ဝက်သေနဲ့ သေအောင် အိပ်နေတဲ့ အတိုင်းပဲ။
သူ သေနေတာတဲ့ ။ ကိုယ် မျက်လုံးပြူ ပြီး ကြည့်နေမိတယ်။
အတောင့်လိုက်လေး သေနေတာ။ ကြည့်စမ်း။ မျက်နှာလေးက ပြုံးယောင်ယောင်နဲ့ မချို မချဉ် လေးတောင်ဖြစ်နေသေးတယ်။
သြော် . . .အဖြစ်အပျက်တွေကို ကိုယ် လုံးဝမယုံနိုင်သေးဘူး။ တစ်နေ့ကပဲ
''ငါ့ကို သနားရင် ဝက်သားတုတ်ထိုးနဲ့ ဟော့ပေါ့လေး လိုက်ကျွေးပါလား''
ဆိုပြီး မျက်နှာငယ်လေးနဲ့ ပြောနေသေးတာ။
ဟင့်အင်း ။သူ မသေပါဘူး။ ကိုယ့်မျက်လုံး ကိုယ်ကိုယ် မယုံနိုင်သေးဘူး။
သူ့ဘေးနားကို သွားလိုက်တယ်။
'' စကမ . . ဂျင်းထည့်နေတာ ရပ်တော့။ ငါတို့ကို အဲ့လောက်ထိ ဆေးမထိုးပါနဲ့ ထပါတော့ ''
ကိုယ် ပြောကြည့်တယ် ။ တုတ်တုတ်မှ မလှုပ် ။
ရင်ထဲက ပူ ကနဲ စောင့်တက် လာတယ်။ မျက်ရည် ကျတော့မယ် ထင်တယ်။ ကိုယ်ထိန်းထားတယ်။ မျက်ရည် မကျချင်ဘူး။
တစ်ခြား သူငယ်ချင်းတွေပါ အကုန်ေ ရာက် လာကြတယ်။ သူတို့တွေ ငိုကြတယ် ။ တစ်ချို့ ကတော့ သူ့ကို တွေတွေ ကြီး ငေးလို့။
ကိုယ် မငို ချင်တော့ဘူး။
'' သူငယ်ချင်းတို့ . . .သူ့ရဲ့ နောက်ဆုံး ခရီးမှာ ငါတို့အကောင်းဆုံး ပြင်ဆင်ပေး လိုက်ကြရအောင် ဟာ ''
ဟုတ်တယ်လေ ။ ကိုယ်တွေ ငိုနေလို့ သူ ပြန်ရှင်လာမှာ မဟုတ်ဘူး ။
အဲ့တော့ သူ့ရဲ့ နောက်ဆုံး ခရီးစဉ်မှာ ကိုယ်က သူ့ ကို ဘဝ ကူးကောင်းအောင် ပြု လုပ်ပေးရမယ်။
အဲ့လိုတွေးနေတုန်းမှာပဲ . . . သူပြောခဲ့တဲ့ စကားတွေ ပြန်ကြား ယောင်လာတယ်။
'' ဟဲ့ . . ငါ သေရင် ငါ့ကိုနင်ပဲ အလှဆုံး ဖြစ်အောင် မိတ်ကပ် ပြင်ပေးနော် ။ အေး . မလှလို့ကတော့ နင့် ဂုတ်လာ ခွ မှာ '' တဲ့
သူပြောခဲ့ဖူးတဲ့ စကားလေး။
စိတ်ချ သူငယ်ချင်း ငါကိုယ်တိုင် နင့်ကို အလှဆုံး ပြင်ပေးမယ်။ ကိုယ် စိတ်ထဲကနေ သူ့ကို ပြောနေမိတယ် ။
_____________________________
(၂)
ဒီနေ့ သူ့ကို ရေဝေးသုသာန် ပို့တော့မယ်။
သူ့အိမ်ရဲ့ အခန်းဝ မှာ သူ့ရဲ့ ဓာတ်ပုံလေးထောင်ထားတယ်။ နောက်ပြီး အမွှေးတိုင်နဲ့ ဖယောင်းတိုင် ထွန်းထားသေးတယ်။
ရှေ့ မှာ စားပွဲခုံ အကြီးကြီး။
ဟမ်ဘာဂါ ၊ကြက်ကြော် ၊ ဆူရှီ ၊ မာလာဟင်း ၊သဘောင်္သီးထောင်း ၊ အကြော် ၊ဟော့ပေါ့ ၊စတဲ့ စားဖွယ်အစုံ အပြင် ။
ကိုကာကိုလာ အပြင် လက်ဖျော်စက်ဖျော် အအေး မျိုးစုံ ။
ရေခဲ့မုန့် အပါအဝင် သစ်သီး မျိုးစုံနဲ့ ကိတ်အမျိုး မျိုး ချပေးထားတယ် ။
ကိုယ့် သူငယ်ချင်းလေး။ မာလကီးယားမှ သူသိပ်စားချင်တဲ့ စားကောင်းသောက်ကောင်းတွေ စားနေရရှာတယ်။
ဟင် . . သူ ။ သူ လည်း သိပ်လှနေတာပဲ ။
သေနေတဲ့ မသာ နဲ့ မတူဘူး။ ကိုးရီးယား မင်းသမီးလေး အတိုင်းပဲ ။
အဲ့လို လှအောင်လည်း ကိုယ် အစွမ်းကုန် ကြိုးစား ပေးထားရတာလေ။
သူရဲ့ နောက်ဆုံး ဆန္ဒ ကို ဖြည့်ဆည်းပေး ချင်ခဲ့တာပါ။
အရင်ဆုံး မျက်နှာကို toner လေးနဲ့ သန့်စင်ပေးတယ်။ ဂွမ်းလေးနဲ့ သေသေချာချာလေး။
သန့်သွားပြီ ဆိုတာနဲ့ မိတ်ကပ်လိမ်းဖို့ foundation စချ ရပြီ ။
မိတ်ကပ် ပစ္စည်းတွေကို
သူ သိပ် သုံး ချင်တဲ့ bella set အစုံလိုက်နဲ့ SAI cosmetic အစုံလိုက်ကိုပဲ သူငယ်ချင်းတွေ စုပြီး သူ့အတွက် အသုံးပြု ပေးထားတယ်။
အောက်ခံ ခရမ်လေးကို ပါးပါးလေး လိမ်းပေးတယ်။ ဝက်ခြံနဲ့ ချိုင့်ခွက်လေးတွေ ရှိတဲ့ နေရာကို မိတ်ကပ်လေးနဲ့ ဖို့တယ်။
ပြီးတာနဲ့ မိတ်ကပ် ။ တစ်အားကြီး ပြာနှမ်းနှမ်း မဖြစ်အောင် ဂရုစိုက်တယ်။
မသာ ကို ပိုပြီး cute သွားအောင် ပါးနီလေး ပါးပါး ပုတ်ပေးတယ်။
ပြီးတော့ eyeliner နဲ့ eyebrow ကို ပန်းနုရောင်လေး ရွေးပြီး အသုံးပြုထားတယ်။
ပြီးတော့ နှုတ်ခမ်းနီ ။ နှုတ်ခမ်းနီကိုတောင် အသည်းကွဲရောင် ဆိုးပေးထားတယ်။
အပေါ်နှုတ်ခမ်းအတွက်က သူသိပ်ကြိုက်တဲ့ သူ့ idol ကြီး ဦးSAI နှုတ်ခမ်းနီ ဆိုးပေးထားတယ် ။
အောက်နှုတ်ခမ်းကျတော့ bella။
dressing ကို ဖန်စီ ဆန်ဆန် အပြာနုရောင် ဂါဝန်လေး ဆင်ပေး ထားလိုက်တယ်။
စွန်း cute ပြီး လှနေတဲ့ မသာ ဖြစ်သွားခဲ့ပြီ ။
_____________________________
(၃)
သူ့ကို မီးသင်းဂြိုလ် စက်ထဲ ထည့်တော့မယ်။
'' ဟိုးးးးး. . နေပါအုံးးး''
ကိုယ် အော်လိုက်မိတယ်။ ကိုယ်သူ့ဆီ အပြေလွှားလာမိတယ်။
'' မသာနဲ့ group selfileလေး တစ်ပုံလောက်ဆွဲချင်လို့ ။ ဟဲ့ . . ဟိုဟာ တွေ selfile stick ယူခဲ့လေ . . လာ ဓာတ်ပုံရိုက်ရအောင် ''
'' အေး . . အေး . . လာပြီ ''
'' omm . . omm''
'' ဟုတ်တယ် . . selfile မဆွဲရသေးဘူး''
အကုန်လုံး ရောက်ချ လာတယ်။
'' အိုကေ ရိုက်မယ် . . .ရယ်ဒီ one ,two ,three ''
'' ချ လတ် ''
''ငင့် . . ဟိုကမ . . မျက်လုံးမှေးနေ တယ်''
'' ဟဲ့ . . ငါလည်း မလှဘူး . .''
''အာ့ပုံကြီး မတင်နဲ့နော် ''
မသာနဲ့ selfile ဆွဲရင်း တစ်ယောက်တစ်ပေါက် သူမလှဘူး ကိုယ်မလှဘူး ပြောနေကြတာများ မသာလာပို့တဲ့ သူတွေ ကြောင်ကြောင် လေးတွေ ကြည့်လို့။
'' ဟာ . . အာ့ဆိုလည်းထက်ရိုက်မယ် . . ရယ်ဒီ one ,two ,three ''
'' ချလတ် ''
'' ဒီပုံ မဆိုးဘူး ''
'' အင်း . ဟုပြီ ''
''ငါ့ tag လိုက်နော် ''
'' ငါ့လည်း tag ''
'' effect လေးလည်း ထည့်အုံး''
'' အေးပါဟ ''
ကိုယ်လေ . . . အခုထိ ရှိနေသေးတဲ့ သူ့ အကောင့်ဒ်လေးကို tag တွဲပြီး ဆေးထိုးရပါအုံးမယ်။ ဒါပေမဲ့ သူတော့ မသိနိုင်တော့ပြီ ။
® ခဲတံ ®
( ကိုယ့် BFF တွေ ဂန့် ရင် လုပ်ပေးဖို့ ပြင်ထားပေတော့ )
Post a Comment