Header Ads

B သွေးအကြောင်း အစုံအလင်


B သွေးများဟာ တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်ကြသူများ ဖြစ်ကြပါတယ်။ အားတဲ့အချိန်တိုင်း အခန်းထဲမှာ တစ်ယောက်တည်း နေရင်း ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ် နေတတ်ပါတယ်။

သိပ်မခင်တဲ့ သူငယ်ချင်းတွေနဲ့ တွေ့ရင် ခပ်တည်တည် နေတတ်ပြီး အရမ်းခင်တဲ့ သူငယ်ချင်းတွေနဲ့ တွေ့ရင်တော့ နားညည်းအောင် ပြောတတ်တာ B သွေးတွေပါ။

လူတိုင်းကို မခင်တတ်လို့ မာနကြီးတယ်လို့ ထင်ခံရတတ်ပြီး ပေါင်းကြည့်မှ တကယ်ကို ရိုးသား ဖြူစင်ကြတာပါ။

မိသားစုထဲမှာပဲ ဖြစ်ဖြစ် သူငယ်ချင်း အပေါင်းအသင်းကြားထဲမှာ ဖြစ်ဖြစ် ကိုယ့်ကို ပိုဂရုစိုက် ပိုချစ်တာ လိုချင်တတ်ကြပါတယ်။

အလိုလိုက် ခံရရင်လည်း အရမ်းပျော် တတ်ကြပါတယ်။ အရမ်းခင်တဲ့ လူတွေအပေါ် တကယ့် စိတ်ရင်းမပါဘဲ ချစ်စနိုးနဲ့ အနိုင်ကျင့်တတ်သလို ကိုယ့်ကို အနိုင်ကျင့်ရင်လည်း အလျော့ပေး တတ်ပါတယ်။

ခဏခဏ စိတ်ကောက်တတ်ပီး ဘယ်သူမှ ပြန်ချော့စရာမလိုပဲ အလိုလို စိတ်ကောက် ပြေသွားတတ်တာလည်း B သွေးတွေပါပဲ။  ၀မ်းနည်းလွယ်ပီး မျက်ရည်အကျ မြန်တတ်ပါတယ်။

ပျော်စရာကိစ္စ တစ်ခုကို အကြာကြီး မခံစားတတ်ပေမယ့် ၀မ်းနည်းစရာ ကိစ္စနဲ့ ကြုံလာပါက ပြန်တွေးလိုက် စိတ်မကောင်းဖြစ်လိုက် မျက်ရည်ကျလိုက် ဖြစ်နေတတ်ကြပါတယ်။

အရမ်းကြိုက်တဲ့ သီချင်း တစ်ပုဒ်ကိုပဲ ထပ်ခါထပ်ခါ နားထောင် တတ်တာလည်း B သွေးတွေရဲ့ စရိုက်တစ်မျိုးပါ။  စိတ်ဝင်စားတဲ့ အကြောင်းအရာ တစ်ခုကို အချိန် ခဏလေးနဲ့ တတ်မြောက်ပေမယ့် စိတ်မ၀င်စားတဲ့ အကြောင်းအရာ ဆိုပါက မည်သို့ပင် အကျိုးရှိစေကာမူ လှည့်မကြည့် တတ်ကြပါ။

အချစ်ရေးနဲ့ ပတ်သက် လာရင်တော့ အားနည်းချက် အနည်းငယ် ရှိတတ်ကြပါတယ်။ သံသယစိတ် အနည်းငယ်ဝင်တတ်ပီး ကိုယ့်ကိုယ်ကိုလည်း မယုံကြည် တတ်ကြပါဘူး။

အချစ်ရေးထက် မိသားစု အရေးကို ပိုဦးစားပေး တတ်ကြပါတယ်။ မိသားစုအတွက် အမြဲ ကြိုးစားနေပီး စိတ်ချမ်းသာ ပျော်စေချင်တာ B သွေးတွေပါ။

B. သွေးပိုင်ရှင်များရဲ့ အကြောင်း တစိတ်တပိုင်း..

B. သွေးပိုင်ရှင်တွေဟာ ဒေါသထွက်နေတဲ့ အချိန်ဆိုရင် မိုးမမြင် လေမမြင်ပါပဲ.. သူတို့စိတ်ထဲမှာ ရှိတဲ့အတိုင်း လုပ်တတ်ကြတယ်..

အရာ ဝတ္ထုတခုခုကို အာရုံရနေရင် ဘေးပတ်ဝန်းကျင်ကို သတိမထား ကြတော့ဘူး.. သူတို့ လုပ်နေတဲ့ အရာကိုပဲ အာရုံစိုက် လုပ်နေတတ်ကြတယ်..

လူတယောက်ကို ချစ်မိပြီ ဆိုရင်လည်း အသဲအသန် ပါပဲ။ သူတို့ ချစ်မိနေတဲ့သူ ဘယ်လောက်ပဲ ဆိုးသွမ်းနေပါစေ အဲဒီ ဆိုးသွမ်းမှုတွေကို မမြင်နိုင်ကြတော့ဘူး..

လိမ်ပြောနေတာကို သိနေရင်တောင် ဖြည့်ပြီး တွေးတတ်ကြတယ်.. လုပ်စရာ ရှိတာကို သူတို့ အသိဥာဏ်နဲ့ စဉ်းစားပြီး သွားလုပ်မဲ့ အချိန်မှာ တယောက်ယောက်က ကိုယ်သွားလုပ်မဲ့ အရာကို လက်ညှိုးထိုးခိုင်း လိုက်ရင် စိတ်ထဲမှာ သိပ်မကျေနပ်ကြဘူး ဘုဂလန့် တိုက်ချင်ကြတယ်...

သူတို့ စာဖတ်နေတဲ့အချိန် TV ကြည့်နေတဲ့ အချိန် တယောက်ထဲ ဘာရယ်မဟုတ် ငုတ်တုတ်ထိုင် စဉ်းစားနေတဲ့ အချိန်မှာ တစ်ယောက်ယောက်က လှမ်းခေါ်ရင် မကြိုက်ကြဘူး... မဖြစ်မနေ ပြန်ထူးရမယ် ဆိုရင် ပုံမှန်မဟုတ်တဲ့ အသံနဲ့ ပြန်ထူးတတ်ကြတယ်...

သူတို့ စိတ်ထဲမှာ သဘောမကျတဲ့ သူတွေဆို လုံးဝ စကားမပြောချင်ကြဘူး။ မဖြစ်မနေ စကားပြောရမယ် ဆိုရင်တောင် ၀တ်ကျေတန်းကျေပဲ ပြန်ပြောတတ်ကြတယ်... အဲဒီလူနဲ့ မပတ်သတ်ချင် တော့ဘူးဆိုရင် ဟန်ဆောင်ပြိးတော့ကို စကား မပြောချင်ကြတော့တာ.

အရမ်းသွားချင်တဲ့ နေရာတွေ ဆိုရင် တယောက်ထဲ ဖြစ်နေပါစေ ရောက်အောင် သွားတတ်ကြတယ်.. မသွားချင်တဲ့ နေရာဆိုရင် ထမ်းခေါ်ပါ့မယ် လိုက်ခဲ့လို့ ပြောရင်တောင် မလိုက်ချင်ကြဘူး.... သူသွားချင်တဲ့ နေရာဆိုရင် သွားသင့်လား မသွားသင့်ဘူးလား ဆိုတာ မစဉ်းစားတော့ဘူး ရောက်အောင်ကို သွားတတ်ကြတယ်....

သူတို့တွေဟာ အရမ်း ဟန်ဆောင် ကောင်းကြတယ်... သူတို့ အရမ်းချစ်တဲ့ ခင်တဲ့သူတွေ ပေါ်မှာပဲ ဟန်ဆောင် ကောင်းကြတာပါ... သူတို့ မခင်တဲ့သူ သံယောဇဉ် မရှိတဲ့ သူတွေ အပေါ်မှာတော့ ဟန်ဆောင် မကောင်းကြပါဘူး...

သူတို့တွေဟာ အရမ်းအရယ် သန်ကြတယ်... စိတ်ပျော်ရွှင်နေတဲ့ အချိန်မှာဆို ပြုံးရယ်ခြင်းတွေဟာ အချိန် တော်တော်ကြာထိ ရပ်တန့် မသွားကြဘူး... စိတ်မပျော်ရွှင်တဲ့အခါ တယောက်ယောက်က ဟာသ လာပြောနေပါစေ ပြုံးရယ်ခြင်း မရှိဘူး.. တည်ငြိမ်စွာပဲ နေတတ်ကြတယ်....

ဘီသွေးများဟာ..

1 သင်ဟာ အရမ်းချောတဲ့ အထဲမှာ မပါပေမဲ့ သင်ဟာ လူအများ စိတ်ဝင်စားခြင်းခံရတဲ့ အထဲမှာတော့ အမြဲပါနေတတ်ပါတယ် တနည်းပြောရရင် သင်ဟာ ချစ်စရာကောင်းသော အသွင်တမျိုးကို ပိုင်ဆိုင်ထားပါတယ်…

2 သင်ဟာ မွေးထဲက ပြည့်စုံတဲ့ သူတစ်ယောက် မဟုတ်ပေမဲ့ သင်ဟာ အရမ်း ဆင်းရဲသော သူတစ်ယောက် အဖြစ်ကိုလဲ ဘယ်တော့မှ မရောက်ရှိပါဘူးးးးး

3 သင်ဟာ ဥာဏ်ရည်မြင့်မားမှုနဲ့ ဖြတ်ထိုးဥာဏ်ကောင်းသော သူတစ်ယောက်ပါ

4 သင့်မှာ ကောင်းမွန်တဲ့ စိတ်ဓာတ် ကိုယ်ချင်းစာမှု သူတစ်ပါးအား သနားတတ်သော စိတ်တွေဟာ သစ်ပင်ရဲ့ အမြစ်လို မွေးရာပါ သန္ဓေတည် ခဲ့သော သူတစ်ယောက်ပါ

5 သင်ဟာ အားနာရင်လဲ အရမ်းအားနာတတ်ပေမဲ့ အားမနာမိတော့ရင်လဲ လူတစ်ယောက်ကို ရစရာမရှိအောင် ပြောဆိုတတ်ပါတယ်

6 သင်ဟာ မာနကြီးသော သူတစ်ယောက်.. မဟုတ်တာ ပြောခံရရင် သေးသေးတင် မခံနိုင်သောသူ တစ်ယောက်ဖြစ်မှန်းး ဝန်ခံလိုက်ပါ……

7 သင်ဟာ အချစ်ကြီးသော သူတစ်ယောက် ချစ်သူအပေါ် သဝန်တိုမှု လွန်ကဲသောသူ တစ်ယောက် ဖြစ်မှန်းးလဲ ဝန်ခံလိုက်ပါ

8 ထို သဝန်တိုမှုတွေ အချစ်ကြီးမှုတွေကြောင့်ဘဲ သင်ဟာ အချစ်မှာ မအေးချမ်းနိုင်ဘဲ ချစ်သူနဲ့ လမ်းခွဲမှုတွေ မကြာခဏ ဖြစ်ပေါ်နေသော သူတစ်ယောက်ပါ

9 B သွေး အချစ် တည်မြဲ ချင်ပါသလားး? လက်ရှိ တွဲနေတဲ့ ချစ်သူကို အကန်း တစ်ယောက်လို မျက်စိမှိတ်ပီးး ချစ်လိုက်ပါ။ အရာ၂ နားလည်မှု ပေးးလိုက်ပါ။ တခါတရံ ပေါ်လာတဲ့ မိမိရဲ့ မာနတွေကို တံတွေးနဲ့အတူ မြိုချလိုက်ပါ... ဒါဆို သင်ဟာ ဒီလောကမှာ အချစ်ကံ အကောင်းဆုံးလူ ဖြစ်လာပါလိမ့်မယ်

10 သင့်ရဲ့ အချစ်ကြီးမှု ဟာ သင့်အတွက် သေဆေး အဆိပ် တစ်ခွက်လို ဖြစ်နေတယ် ဆိုတာ သင် ဒီတစ်သက် လုံးဝလုံးဝ မမေ့ပါနဲ့ ...... ထပ်ပြောပါမယ် သင့်ရဲ့ အားနည်းချက်ဟာ… သင့်ရဲ့ အချစ်ကြီးးမှု ပါဘဲ…

credit original

No comments

Powered by Blogger.