Header Ads

လက်ရှိချစ်သူလေးနဲ့ အတိတ် ရေစက်ပါ ၊ မပါ သိနိုင်မယ့် အချက် (4) ချက်


အတိတ်ရေစက်သာ ပါလာခဲ့ရင် ကြံဖန်ပီး ဆုံရသလိုပဲ ရေစက်မပါခဲ့ရင် ကြံဖန်ပီး လွဲတယ် ဆိုတဲ့ စကားလေး ကြားဖူးကြမှာပါ။ လူတိုင်းက ရေစက်ပါလို့ တွေ့ဆုံကြသလိုပဲ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ဆိုတာ လည်း အတိတ်ဘ၀က ဆုံဖူး ဆုတောင်းခဲ့ဖူးတဲ့ ဆုတောင်းတွေကြောင့် အခုဘ၀မှာ လက်တွဲဖော် အနေနဲ့ ပြန်ဆုံတွေ့တယ်လို့ ယုံကြည်ကြပါတယ်။


ဒီလိုပဲ ကိုယ်တစ်ကြိမ် တစ်ခါမှ မဆုံဖူးပါပဲ မြင်မြင်ချင်း ချစ်မိတဲ့အချစ် ဆိုတာ အတိတ်ဘ၀က ရှေးရေစက်ကြောင့် ဖြစ်လာရတဲ့ အချစ်လို့ ယုံကြည်ထား ကြပါတယ်။ သူနဲ့ ကိုယ်နဲ့ ရေစက်ပါလား ဆိုတာကို သိနိုင်တဲ့ အချက်လေးတွေ ရှိပါတယ်။

1) ပထမဆုံး ဆုံတွေ့တဲ့အခါ ရင်းနှီးနေတဲ့ ခံစားချက်မျိုး သူနဲ့ ပထမဆုံး စတွေ့တဲ့ အချိန်မှာ အရင်ထဲက တွေ့ခဲ့ဖူးသလို၊ တစ်နေရာမှာ မြင်ဖူးခဲ့သလို စိတ်ထဲမှာ ရင်းနှီးနေတဲ့ ခံစားချက်မျိုး ရလိုက်တာပါ။ မြင်မြင်ချင်းချစ်မိတာမျိုး မဟုတ်ရင်တောင် ခဏလေးအတွင်းမှာ အနှစ်နှစ် အလလက ခင်မင်ခဲ့ဖူး သလိုမျိုး သံယောဇဉ်တွယ်ပြီး ချစ်မိသွား တာမျိုးပါ။ အမှန်တကယ် ရှေးရေစက်သာ ဆိုရင် စိတ်ချပါ သင့်အချစ်က တစ်ဖက်သက်လုံးဝ မဟုတ်ပါဘူး၊ သူဘက်ကလည်း သင့်လိုပဲ တစ်ထပ်တည်း ခံစားရမှာပါ။

2) အကြောင်းအရာ မတိုက်ဆိုင်ပါပဲ သူနဲ့ ဆုံတွေ့ရတာမျိုး အစမှာ ပြောခဲ့သလိုပါပဲ ရေစက်ပါလာရင် ရှောင်လွဲလို့ မရပါဘူး။ ကြံဖန်ပြီးကို ဆုံရမှာပါပဲ။ ပထမဆုံး တွေ့ရုံနဲ့ ရင်းနှီးတဲ့ ခံစားချက်မျိုးထက် သူက ကိုယ့်ရှေ့ကို အကြောင်းအရာ မတိုက်ဆိုင် ပါပဲ ခဏ ခဏ ရောက်လာတာမျိုးပါ။ မျက်လုံးချင်း ဆုံတွေ့တဲ့ အခါမျိုးမှာလည်း စကားသာ မပြောဖူးရင် မပြောဖူးမယ် တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးပြီးသား ဖြစ်နေပါပြီ။


3) စိတ်သဘောထားချင်း တူညီနေတာမျိုး အကြောင်းအရာ တစ်ခုကို ဝေဖန်တဲ့ အခါမျိုး၊ အမှားအမှန် ခွဲခြားတဲ့ အခါမျိုးတွေမှာတောင် သူနဲ့ကိုယ်က မတိုင်ပင်ထားပါပဲ အမြင်သဘောထား တူညီနေတာမျိုးပါ။ အမြင်တစ်ဖက်တည်းမှာ ရှိနေတာမျိုးပါ။

4) Telepathy လို့ ခေါ်တဲ့ စိတ်ချင်း ဆက်နွယ်နေမှုမျိုး ဒီအဆင့်ကတော့ ချစ်သူတွေဖြစ်ပီးမှ ကြုံတွေ့ရတဲ့ အဆင့်ပါ။ မက်ဆေ့ပို့နေရင်း တူညီတဲ့စာ ကြောင်းလေးတွေ ပို့မိတာမျိုး၊ ကိုယ်က သူ့ကို ဖုန်းဆက်ဖို့ ဖုန်းဖွင့်လိုက်တဲ့အချိန် သူ့ဆီက ဖုန်းလာတာမျိုး၊ ကိုယ်စားချင်တဲ့ အစားအသောက် လေးတွေဆို မတောင်းဆိုပါပဲ သူက ၀ယ်လာပေးတာမျိုး ကြုံရမှာပါ။ တိုက်ဆိုင်မှု မဟုတ်ပါဘူး။ ဒါဟာ သူနဲ့ ကိုယ့်ကြားက ရှင်းပြဖို့ ခက်တဲ့ စိတ်ချင်းဆက်နွယ် နေမှုမျိုးပါ။

Credit

No comments

Powered by Blogger.