မေးကြည့်ချင်ပါတယ်...
👉 မေးကြည့်ချင်ပါတယ် 👈
အပျိုကြီးတွေ ယောက်ျားမရှိတော့ အိမ်ခေါင်မိုး ယိုလို့ ပြင်ပေးမဲ့သူ မရှိဘူးတဲ့လား....
မေးကြည့်ချင်ပါတယ်... ခင်ပွန်းရှိတဲ့ မိန်းမတိုင်း အဲ့လိုအစစ အရာရာကို ပြင်ဆင် ဖာတေးပေးခဲ့တဲ့ အမျိုးသားကို ပိုင်ထားရလို့လား....
အပျိုကြီးတွေ ဘုရားသွား အပျော်ခရီးတွေ ထွက်လည်လို့ လိုက်ပို့မဲ့သူ မရှိဘူးတဲ့လား....
မေးကြည့်ချင်ပါတယ်... ခင်ပွန်းရှိတဲ့ မိန်းမတိုင်း ဘယ်သွားသွား လိုက်ပို့ပေးပြီး အရိပ်အကဲကို အလိုက်သိတတ်တဲ့ အမျိုးသားကို ပိုင်ထားရလို့လား။
အပျိုကြီးတွေ ဒုက္ခရောက် စိတ်ညစ်စရာတွေနဲ့ ကြုံရရင်တောင် တိုင်ပင်ဖော် အနားတိုးဖော် မရှိဘူးတဲ့လား။
မေးကြည့်ချင်ပါတယ်... ခင်ပွန်းရှိတဲ့ မိန်းမတိုင်း စိတ်ပျက် ဝမ်းနည်းစရာ ကြုံတိုင်း အပြည့်ဝ နားလည် နှစ်သိမ့်ပေးမဲ့ အမျိုးသားကို ပိုင်ဆိုင်ထားရလို့လား။
အပျိုကြီးတွေ အသက်ကြီးလို့ အိုမင်းမစွမ်း နာမကျန်းဖြစ်ရင် ဆေးပေးမီးယူ ပြုစု ကြင်နာမဲ့ ယောက်ျား မရှိဘူးတဲ့လား။
မေးကြည့်ချင်ပါတယ်... ခင်ပွန်းရှိတဲ့ မိန်းမတိုင်း ကိုယ် အသက်ရွယ်ရင့် အိုမင်းသွားတဲ့အခါ ကိုယ့်အပေါ် မဖောက်မပြား သစ္စာရှိမဲ့ အမျိုးသား ပိုင်ထားရတာ သေချာလို့လား။
ကိုယ် အသက်ရှည်သလောက် သူ့အသက်ကလဲ ရှည်ပြီး ကျန်းကျန်းမာမာနဲ့ ကိုယ်ကို စိတ်ရှည် လက်ရှည်.ပြုစုပေးနိုင်မယ် ဆိုတာရော သေချာလို့လား။
ဒါတွေသာ.တကယ်.သေချာနေရင်တော့...
အပျိုကြီး ဆိုတာ ဒီကမ္ဘာမှာ လုံးဝ မရှိနိုင်တော့ဘူး။ မသိသေးရင် မှတ်ထားပေါ့။ အပျိုကြီး ဆိုတာ ရတာမလို လိုတာမရလို့ ယူမဲ့သူမရှိလို့ အပျိုကြီိး ဖြစ်ကြတာ ဆိုတာထက် မျက်စိတစ်ဆုံး တွေးတတ်တဲ့ အသိရှိလို့ စဉ်းစား ဆင်ခြင်ညဏ် လေးနက်စူးရှလို့ သူများတကာထက် ကွက်ကျော်ပြီး ကြိုမြင်တတ်လို့ ဆိုတဲ့ ဂုဏ်တွေနဲ့ အပျိုကြီး ဖြစ်ကြတာက များပါတယ်။
ကိုယ့်ယူချင်လို့ ယူတာ ယူပေါ့... မယူချင်လို့ မယူသေးတဲ့ သူတွေကိုတော့.. သွားပြီးတိုက်တွန်း မတိုက်ခိုက် ကြနဲ့လေ့။ မရှင်းတာ ရှိသေးလား။ မပြောချင်လို့ ကြည့်နေတာ ဟုတ်နေပြီ မထင်ပါနဲ့.......📂
အပျိုမေ
Credit someone
Post a Comment