အချစ်တွေစတင်ခဲ့ပုံကို ပြောပြခဲ့တဲ့ G Fatt နဲ့ နန်းစု
ပရိသတ် အများအပြားရဲ့ ချစ်ခင် အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့ အဆိုတော် G Fatt နဲ့ အဆိုတော် မင်းသမီးချောလေး နန်းဆုရတီစိုး တို့ ချစ်သူနှစ်ဦးကတော့ အမြဲလိုလို စစနောက်နောက်နဲ့ တစ်ဦးအပေါ် တစ်ဦး အရမ်းကို ချစ်ကြတဲ့ စုံတွဲလေး ဖြစ်ပါတယ်။
G Fatt ကတော့ ချစ်ရတဲ့မမ သူနဲ့ မမနန်းဆုတို့ နှစ်ဦးရဲ့ အကြောင်းလေးကို စပ်ဆိုထားတယ် လို့ ယူဆရတဲ့ “ အကယ်၍ လက်ထပ်ခဲ့ကြရင်” ဆိုတဲ့ သီချင်းလေးထဲက စာသားလေးဖြစ်တဲ့ “ဟိုစဉ် စစ ခင်တဲ့နေ့က ကော်ဖီဆိုင် လေးရဲ့ ထောင့်စွန်းဝိုင်းမှာ ” ဆိုတဲ့ စာလေးကို သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။
G Fatt ရဲ့ စာအောက်မှာတော့ မမနန်းဆုက “သီချင်းလေးများ အကြောင်း ပြောရင်း ရုပ်ရှင် ဇာတ်လမ်းလေးများထဲ မျောရင်း ဝှိုက်တီး လေးလည်း သောက်ရင်း😬😅😷 ၂နှစ်တောင် ပြည့်သွားပြီ အဲ့ကတည်းက နားငြီးခံခဲ့တာ😜😅” ဆိုပြီး သူမတို့နှစ်ဦးရဲ့ အချစ်တွေ စတင်ဖြစ်ပေါ်ခဲ့တဲ့ အချိန်လေး အကြောင်းကို အရွှန်းဖောက် ပြောဆိုခဲ့တာပါ။
သူ့ကို စနောက်နေတဲ့ နန်းဆုကိုတော့ G Fatt က “နားညီးတယ် ဟုတ်လား? ကိုယ့် ဆီက ဗဟုသုတတွေ တစ်သက်လုံး သုံးမကုန်အောင် ရလိုက်တာ ထည့်ပြောဦးလေ 😏😝” ဆိုပြီး ပြန်လည် နောက်ပြောင်ထားပါသေးတယ်။
ချစ်သူဖြစ်ပြီး နောက်ပိုင်းမှာတော့ ဘယ်ပွဲကို တက်တက်၊ ဘယ်ရှိုးပွဲ ဆိုဆို G Fatt တို့နှစ်ဦးကို တပူးပူးတတွဲတွဲ တွေ့မြင်နေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ မသိခဲ့ပေမယ့် G Fatt နဲ့ နန်းဆုတို့ရဲ့ ခင်မင်မှုက ၂နှစ်တောင် ကျော်သွားပြီပဲ ဖြစ်ပါတယ်။
ချစ်တဲ့ ပရိသတ်တွေလည်း ကော်ဖီဆိုင်လေးရဲ့ ထောင့်ဆုံးဝိုင်းလေး ကနေစပြီး ကြည်နူးစရာလေးတွေ ဖြစ်ပေါ်လာခဲ့တဲ့ နန်းဆုနဲ့ G Fatt တို့ ချစ်သူနှစ်ဦးကို သဘောကျရင် တစ်ခုခု ပြောသွားကြပါဦးနော်။
Myint Myat
Source-G Fatt’s Facebook
Post a Comment