Header Ads

Relationship တစ်ခုမှာ စုတ်ပြတ်သတ်အောင် နာကျင်ခံစားပြီးတဲ့နောက်


အကျည်းတန်လွန်းတဲ့ Relationship တစ်ခုမှာ စုတ်ပြတ်သတ်နေအောင် နာကျင်ခံစားပြီးတဲ့နောက်...

အချစ်သစ်နဲ့  ထပ်တွေ့ပြီး ပျော်ရွှင်နေတဲ့ ကောင်မလေးတွေကို မြင်ရရင် သူတို့အစား တော်တော်ကြည်နူးမိတယ်

အရင်လူ နှိပ်စက်တာခံခဲ့ရသမျှ နောက်လူလက်ထဲမှာ မင်းသမီးလေးလို အရာရာ ဦးစားပေးပြီး တလေးတစားနဲ့ ဆက်ဆံခံရတယ်

အရင်လူကြောင့် စိတ်ဆင်းရဲခဲ့ပေမယ့် နောက်လူကြောင့် အမြဲ ပျော်ရွှင်နေတာပဲ တွေ့ရတယ်

အရင်လူကြောင့် နာကျင် ပူလောင်ပြီး မျက်ရည်နဲ့ မျက်ခွက် အကျည်းတန်ခဲ့ပေမယ့် နောက်လူလက်ထဲမှာတော့ လိုတိုင်းတ ရပြီး အပူအပင်မရှိ အချစ်ခံနေရတဲ့ ကလေးတွေလို အေးချမ်းနေတာ တွေ့ရတယ်

သူများတွေကတော့ ထင်မယ်.. ဒီလောက်ထိ လူရော ဘဝရော အသည်းနှလုံးရော စုတ်ပြတ်သတ်နေအောင် ချစ်ခဲ့တာ အရင်လူကို မေ့နိုင်ပါ့မလားပေါ့

နာကျင်မှု ဆိုတာကြီးကို ဘယ်သူမှ ဘဝထဲမှာ အချိန်အကြာကြီး ခေါ်မထားနိုင်ပါဘူး.. အချိန်တန်ရင် လွှတ်ချသင့်တဲ့အရာတွေ လွှတ်ချခဲ့ရမှာပဲ

နာကျင်ခဲ့သမျှ aတွကိုလည်း ဘယ်တော့မှ မမေ့ပါဘူး.. မမေ့ဘူး ဆိုတာ အရင်လူကို လွမ်းနေတာမျိုးတော့ မဟုတ်ဘူး..

သူပေးခဲ့တဲ့ သင်ခန်းစာတွေနဲ့ လက်ရှိကိုယ့်ဘေးက ချစ်သူကို စိတ်ချမ်းသာအောင် ထားချင်တာမျိုးပါ

ရူးလောက်အောင် ခံစားခဲ့ရပြီးမှ အခုချိန် ကလေးလေးတစ်ယောက်လို ပျော်ရွှင်နေတာကို ကြည့်ပြီး အပြောင်းအလဲ မြန်တယ်လို့ စွပ်စွဲလို့တော့ ဘယ်ရမလဲ.. ကိုယ်ဘယ်လောက်ထိ ခံစားခဲ့ရသလဲ ကိုယ်ပဲသိမှာပါ

ပြီးတော့... ဆိုးဝါးလှတဲ့ အိပ်မက်တွေထဲက လှုပ်နှိုးပေးခဲ့တဲ့ သူကိုလည်း ကျေးဇူးတင်သင့်တယ်...

#ကိုယ့်မှာတော့ ကျေးဇူးတင်ရမဲ့သူ မရှိသေးဘူး😂

Credit to original

No comments

Powered by Blogger.