Header Ads

အနမ်းနဲ့ပတ်သတ်ပီး သင်သိထားသင့်တဲ့အချက်များ


1) သွေးတိုး နဲ့ ကိုလက်စထရော ဓာတ်ကို လျော့ကျစေတယ်

အပိုပြောတာ မဟုတ်ပါဘူး။ တကယ့် ဖြစ်ရပ်ဖြစ်ပြီး သုတေသန လုပ်ထားတာ ဖြစ်တယ်။ ဒီအရာက သွေးတိုး နဲ့ ကိုလက်စထရော ဓာတ်ကို လျော့နည်းစေတာ အမှန်ပဲ !

2) လူတိုင်းက နမ်းရတာကို လိင်ဆက်ဆံ ရတာထက်တောင် ပိုကြိုက်သေးတယ်

!သူတို့ကို ဘာလို့ နမ်းရတာ ကြိုက်တာလဲလို့ မေးလိုက်ရင် သူတို့ကလည်း ရှက်ပြုံးပြုံးနဲ့ ပျော်မွေ့လို့ လို့ပြောကြတယ်။ နမ်းတာက အဲ့ဒါထက် ပိုတဲ့ ခံစားချက် ကို ပေးစွမ်းနိုင်တယ်။

3) ဦးနှောက် တွေလည်း ကြည်တယ်

သင့်ကို မွေ့လျော်စေတဲ့ အတွက် သင့်ကို ပျော်ရွှင်စေမှာ အမှန်ပဲ။ ကျွန်တော်တို့ ပျော်ရွှင် နေတဲ့အချိန် ဦးနှောက် ကလည်း သက်သောင့် သက်သာ ရှိတယ်။ အဲ့ဒါကြောင့် တယောက်ယောက်နဲ့ နမ်းတဲ့အချိန် ပျော်ရွှင်နေတာဟာ မဆန်းပါဘူး။

4) ကိုယ်ခံ စွမ်းအား တိုးပေးတယ်

နယ်သာလန် နိင်ငံရဲ့ သုတေသန ပြုချက်အရ သင်နမ်းနေတဲ့ အချိန်မှာ ဘက်တီးရီးယား ပိုးမွှားသန်း 80 လောက်က သင့်ရဲ့ ပါးစပ်ထဲမှာ ရှိနေတယ်။ အဲ့ဒီ အများကြီးထဲကမှ ဘက်တီးရီးယားတစ်မျိုးက သင့်ကို အကျိုးပေးတဲ့ ဘက်တီးရီးယား ဖြစ်တယ်။ အထူးသဖြင့် ကိုယ်ခံစွမ်းအား တိုးဖို့အတွက်ပါ။

5) သွား ကျန်းမာရေး ကောင်းတယ်

နယူးယောက်က ဆရာဝန်တစ်ဦးက နမ်းခြင်းဟာ သွားရည်ထွက် အားကောင်းအောင် လှုံ့ဆော်ပေးပြီး အဲ့သွားရည်တွေက သွားထဲမှာရှိတဲ့ အက်ဆစ်ကို လျော့နည်းစေတယ်။ အဲ့ဒီအရာတွေက သင့် သွား ကိုပိုဖြူစေတယ်။ ဒါ့အပြင် အနံ့ဆိုးတွေကိုလည်း ဖယ်ရှားပေးတယ်။

 6) ကယ်လိုရီ လောင်ကျွမ်း ပေးတယ်

နမ်းတယ် ဆိုတာကလည်း လေ့ကျင့်ခန်း လုပ်ပေးတာပဲ။ ဘာလို့လဲဆိုတော့ အဲ့ဒါက ကြွက်သား တွေကိုအသုံးပြုရလို့ပါ။ တစ်ခေါက် နမ်းရှုပ် တာက 26 ကယ်လိုရီကို လောင်ကျွမ်းစေပါတယ်။

 7) စိတ်ညစ်တာကို သက်သာပြေလျော့ စေတယ်

ဒီအချက်ကလည်း သုသေသန လုပ်ပြီးသား ဖြစ်တယ်။ စိတ်ညစ်နေတဲ့ လူတွေကို စုစည်းပြီး သူတို့နမ်းပြီးတဲ့နောက် အဲ့စိတ်ညစ်တာတွေက ပျောက်သွားတယ်။ ဒီအရာက သင့်ကို ပျော်ရွှင် မှုပေးနိုင်တယ် !

 Credit : original uploder

No comments

Powered by Blogger.