Header Ads

ချစ်သူရည်းစားတွေ နှစ်ကြာလာတဲ့အခါ မောင်နှမလိုဖြစ်လာတယ်..


ချစ်​သူ ရည်းစား​တွေ အများစုက နှစ်တွေ ​ကြာလာရင်​ သမီး ရည်းစားက​နေ မောင်​နှမ​တွေလို ဖြစ်​လာကြတယ်.. သူတို့ကို ချစ်​​သေးလား ​မေးကြည့်လိုက်. ချစ်​တယ်​ လို့ မြတ်​မြတ်​နိုးနိုးနဲ့ ​ဖြေမှာ အ​သေအချာ..

ဒါ​ပေမယ့် အရင်​လို surprise တွေ လက်​​ဆောင်​​တွေ ဝယ်​​ပေး​နေတာထက်​ ချစ်​သူအတွက်​ တစ်​ကယ်​ကို လိုအပ်​မယ့် ပစ္စည်း​တွေ ဝယ်​​ပေးကြမယ်​... ရန်​​တွေက​တော့ ဖြစ်​​နေမှာပဲ.. ဒါဟာ ခန.. ခုပဲ ရန်​ဖြစ်​ပြီး ခုပဲ ပြေလည်​သွားကြတာ... နားလည်​မှု ရှိလာကြတာ​ပေါ့..

သွေး​အေး သွားတယ်​လို့ ပတ်​ဝန်းကျင်​က ထင်​​ကောင်းထင်​မယ်​. ဒါမဲ့ တစ်​​ယောက်​အတွက်​ တစ်​​ယောက်​က လိုအပ်​ရင်​ လျစ်​လျူမရှုပဲ မငြီးမငြူ အနား​နေ​ပေးကြတယ်​...

ဖေ့ဘုတ် ဆိုတာ ဘဝ မဟုတ်​​တော့ဖူး.. အရင်​လို ပုံတင်​ ပလူမပျံပဲ အေး​ဆေး တည်​ငြိမ်​သွားကြပီ.. တစ်​​ယောက်​ pw တစ်​​ယောက်​ သိဖို့ဆိုတာ priority မဟုတ်​​တော့ဖူး... သူလည်း ကိုယ့်ကို ယုံပြီ ကိုယ်​လည်း သူ့ကိုယုံပြီ.. သူ့အ​ကောင့် ကိုယ့်အ​ကောင့်​ထဲ ဝင်​ကြည့်​တောင်​ သံသယ​တွေထက်​ အပျင်း​ပြေ ဝင်​ကြည့်သလို ဖြစ်​​နေကြပီ..

အနာဂတ်​ plan ဆိုတာ​တွေကို လေနဲ့​ပြောတာမျိုး မဟုတ်​ အမူအရာ အပြုအမူမျိုးနဲ့ပါ သက်​​သေပြ လာကြပီ..

အရင်းနှီး လွန်​သွားတဲ့အခါ သူ့စိတ်​နဲ့ ကိုယ့်​စိတ်​ ထပ်​တူဖြစ်​လာတယ်​. သူ့လည်း နားလည်​​ပေးနိုင်​တယ်​.. ကိုယ့်လည်းသူ သည်းခံ​ပေး လာနိုင်​တယ်​... တစ်​​ယောက်​အတွက်​ တစ်​​ယောက်​ ဦးစား​ပေး စဉ်းစားလာရင်း ပြည့်စုံလာတယ်​...

နှစ်​ဦးကြားမှာ အချစ်​ဆိုတာလည်း ပျောက်​ပျက်​မသွားပဲ ပိုပို ခိုင်​မြဲလာတယ်​...

credit to Queen

No comments

Powered by Blogger.