ကိုယ်နာတတ်ရင် သူတစ်ပါးကို ဒဏ်ရာမပေးပါနဲ့
==========
ကိုယ့်မှာ အမာရွတ် ရှိနေရင် သူများ ဒဏ်ရာကို နားလည် ခံစားပေးတတ်သင့်တယ်။
ကိုယ်ငိုဖူးရင် သူများရိုက်သံကို ပျက်ရယ် မပြုသင့်ဘူးလို့ ထင်တယ်။
ကိုယ့်အသားကို ထိလို့ နာတတ်ရင် သူများအသားကို နာကျင်အောင် မလုပ်သင့်ဘူး လို့ ထင်တယ်။
ကိုယ့်ကို နစ်နာအောင်ပြောတာ မကြိုက်ရင် အခြားသူကိုလည်း ထိခိုက်အောင် မပုတ်ခတ်သင့်ဘူး လို့ ထင်တယ်။
ကိုယ် ဝမ်းနည်းတတ်ရင် အခြားသူကို နာကျင်အောင် မလုပ်သင့်ဘူးလို့ ထင်တယ်။
ကိုယ့်အသွေးအသားကို ထိတာ မကြိုက်ရင် အခြားသူရဲ့ အသွေးအသား ကို အပျော်မကြံသင့်ဘူး လို့ ထင်တယ်။
ကိုယ့်ကို ညာတာမကြိုက်ရင် အခြားသူရဲ့ ယုံကြည်မူကိုလည်း အလေးထားပြီး တန်ဖိုးထားသင့်တယ်။
ကိုယ်နာတတ်တာကို အခြားသူကို နာကျင်အောင် လုပ်နေရင်တော့ ကိုယ်လည်း တစ်ချိန်ချိန်မှာ နာကျင်ရတတ်တယ်။
ဘာလို့လဲ ဆိုတော့ ကိုယ်မှ နာကျင်တတ်ရင် သူများလည်း နာကျင်တတ်မယ် ဆိုတာ သေချာတယ်လေ။
လေးစားစွာဖြင့် ♥ ♥ ♥
ဇင်းနစ် မကွေး
Post a Comment