Header Ads

ချစ်သူမိန်းကလေးရဲ့ တန်ဖိုးကို နားလည်ပါ...


ချစ်သူ ကောင်မလေးကို ဂရုမစိုက်ပဲ နေတယ်... 👧

ရပါတယ်… သို့သော် သူမဆီက ဂရုစိုက်မှုတွေလဲ ပြန်ရမယ်လို့ မမျှော်လင့်ဖို့တော့ လိုတယ်နော်😉

ချစ်သူ ကောင်မလေးကို ပစ်ထားတယ်...

ရပါတယ်… သို့သော် တစ်စုံတစ်ယောက်က သူမကို တန်ဖိုးထားနေတဲ့ အခါ မုဒိတာ ပွားပေးနိုင်ဖို့တော့ လိုတယ်နော်😊

ချစ်သူ ကောင်မလေးကို စိတ်ဒုက္ခတွေပေးတယ်...

ရပါတယ်... သို့သော် တစ်စုံတစ်ယောက်က သူမကို အပြုံးတွေ ဖန်ဆင်းပေးတဲ့အခါ သင်နောင်တ ရမနေပါနဲ့နော်😊

ချစ်သူ ကောင်မလေးကို အရာအားလုံးရဲ့ နောက်မှာ ထားတယ်...

ရပါတယ်... သို့သော် သူမ မခံချင်စိတ်တွေနဲ့ ပြေးထွက်သွားတဲ့အခါ သင်ဆွဲထားလဲ သင့်ဘေးမှာရှိဖို့ မသေချာတော့ဘူးနော် 😊

တစ်ခါတစ်လေ လောကကြီးမှာ ကိုယ်နဲ့ အနီးဆုံးရှိပြီး မပိုင်ဆိုင်ခဲ့ရတဲ့ အရာတွေဟာ ကိုယ့်အတွက် အဖိုးတန်ဆုံးတွေ ဖြစ်နေတတ်တယ် ဆိုတာ သိထားပေးပါ။

နောင်တ ဆိုတာ နောင်မှ ရတာမျိုး မို့လို့ အချိန်လွန်ခဲ့ရင် ဘယ်အရာမှ ပြန်မရ တတ်တော့ဘူးနော်။😊😊😊

credit to original

No comments

Powered by Blogger.