Header Ads

သင်္ကြန်ပွဲတော်မှာ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေတဲ့ ကိုရီးယားအဆိုတော်မလေး


မြန်မာတို့ရဲ့ နှစ်သစ်ကူး ပွဲတော်ဖြစ်တဲ့ သင်္ကြန်ပွဲတော်ကတော့ ဒီကနေ့မှာ သင်္ကြန် အကြိုနေ့အဖြစ်နဲ့ စတင်ခဲ့ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတိုင်း ပျော်ရွှင်စွာ ဆင်နွှဲနေကြတဲ့ သင်္ကြန်ပွဲတော်ကိုတော့ ကိုရီးယားနိုင်ငံရဲ နာမည်ကျော် အဆိုတော် အဖွဲဖြစ်တဲ့ Girl’s Day အဖွဲ့ဝင် Sojin ကလည်း ပါဝင် ဆင်နွှဲခဲ့ပါတယ်။




သူမကတော့ မြန်မာနိုင်ငံကို KBS ရုပ်သံလှိုင်းရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Battle Trip ဆိုတဲ့ အစီအစဉ်ကို ရိုက်ကူးဖို့အတွက် ရောက်ရှိနေတာဖြစ်ပြီး သင်္ကြန်မတိုင်ခင်ကလည်း ပုဂံကို အလည် သွားခဲ့ပါသေးတယ်။




သူမကတော့ သင်္ကြန်ပွဲကို ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲနေတာ ဖြစ်ပြီး ပရိသတ်တွေနဲ့ ဓါတ်ပုံတွေ ရိုက်ပေးခဲ့ပါသေးတယ်။ သင်္ကြန်ရေ ကစားနေတဲ့ သူမရဲ့ ချစ်စရာ ပုံရိပ်လေးတွေကိုတော့ ပရိသတ်တစ်ဦးက ရိုက်ပြီး ဖေစ်ဘုတ်ပေါ်မှာ တင်ထားတာဖြစ်ပါတယ်။





Source: Park Su Zan, SoJin Instagram

No comments

Powered by Blogger.