တနင်္ဂနွေ သားသမီးတို့အကြောင်း
************
တနင်္ဂနွေ နေ့နာမ် များဟာ လူ့ဘဝကို စရောက်ပြီ ဆိုကတည်းက စိတ်ကြီးတယ်.. ငိုလွယ်တယ်။ ဒေါသဖြစ် လွယ်တယ်.. ပျော်ပျော်လည်း နေတတ်သလို ဒေါသဖြစ်ရင်လည်း သူမဟုတ်တော့တဲ့ အတိုင်းပါပဲ.. မိသားစု အပေါ် တွေမှာလည်း သံယောဇဉ် ရှိတတ်သလို ဆွေမျိုးသား ချင်းတွေ ကိုလည်း ချစ်တတ် ကြတယ်..
တနင်္ဂနွေ တွေဟာ မိသားစု အပေါ်ကို သိတတ်တယ်။ စွန့်စားပြီး ပေးဆပ် တတ်တာလည်း တနင်္ဂနွေပါ.. တနင်္ဂနွေ များဟာ စိတ်ပြတ်သား သလောက် အစွဲအလန်းလည်း ကြီးတတ်ပါတယ်.. တစ်ယောက်ဆို တယောက်အပေါ် မှာလည်း စိတ်စွဲ နေတတ်တယ်... ကိုယ်လိုချင်တဲ့ အရာကို သူများ လက်ထဲကို မရောက်စေချင်တာ တနင်္ဂနွေ။
တခါတလေ တစ်ယူသန်တဲ့ စိတ်တွေလည်း ရှိတတ်ကြတယ်.. ဒါဆိုရင်ဒါပဲ မပြောင်းလဲ တတ်ဘူး။ ခေါင်းနဲနဲမာတယ် အလုပ်လုပ်တဲ့ နေရာမှာ ကိုယ်ဖြစ်ချင်တဲ့ နေရာကို ရောက်အောင် သွားတတ်တယ်။ ကိုယ်လုပ်နေတဲ့ အလုပ်ကို ဖြစ်အောင် လုပ်တယ်။ ဘယ်တော့မှ လက်မလျော့တာ တနင်္ဂနွေပါ။ တနင်္ဂနွေတွေဟာ အပြင်မှာ ပြတ်သားသလို နေတတ်ကြပေမယ့် ရင်ထဲမှာတော့ အစွဲအလန်း ကြီးတတ်တဲ့ နေ့နာမ်များပဲ ဖြစ်တယ်။
ကိုယ့်ရဲ့ အရှေ့မှာ စိတ်မကောင်းစရာတွေ တွေ့ရင် သနားတဲ့စိတ် ရှိတယ်။ ကူညီလိုတဲ့ စိတ်တွေလည်း တနင်္ဂနွေမှာ အပြည့် ရှိပါတယ်။ အလုပ်လုပ်တဲ့ နေရာတွေမှာတော့ နည်းစနစ်ရှိရှိ လုပ်ကိုင်တတ်တာ တနင်္ဂနွေပါ။ လူတွေရဲ့ စိတ်ကို စူးစမ်းလေ့လာတာကို ဝါသနာပါကြတယ်... တနင်္ဂနွေများဟာ အားနေရင် သီချင်း နားထောင်တာတို့ သီချင်း ဆိုတာတို့ ဝါသနာပါပြီး စိတ်အေးလက်အေး နေရတာကို နှစ်သက်ကြတယ်။
စကားပြောရင် တည်ငြိမ်စွာနဲ့ ပြောဆိုတတ်ပြီး ဆွဲဆာင်မှု ရှိစွာနဲ့ ပြောဆိုတတ်တဲ့ အကျင့်လေးကို ပိုင်ဆိုင်ထားကြတာလည်း တနင်္ဂနွေပါ... တနင်္ဂနွေသားသမီးတွေက အရမ်းကြီး မထူးဆန်းပေမဲ့...အခြားလူ တွေနဲ့ကွဲပါးတဲ့စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေပါ... ဒါကြောင့် သူတို့ဟာ အခြားလူတွေနဲ့ ကွဲပါးနေတတ်ကြပါတယ်...
တနင်္ဂနွေ သားသမီးတွေဟာ စာဖတ် ဝါသနာ ပါကြတယ်... ဗဟုသုတကို လိုက်စားတယ်... အအိပ်မက် တယ် အစားမကြီးဘူး... ဒါပေမဲ့ ခဏ ခဏ စားနေတတ်တာမျိုး... ဒေါသကြီးပေမဲ့ ကောက်ရိုးမီး လိုမျိုး... ခဏပဲ.... ပြီးရင် သူမဟုတ် သလိုမျိုး... စိတ်ဆိုးစိတ်ကောက် လွယ်တယ်.. ဒါပေမဲ့ စိတ်ပြေလွယ်တယ်.. ဒါကြောင့်မို့ သူတို့ဟာ ချစ်စရာ ကောင်းနေတတ် ကြပြန်ရော....
ချစ်သူအပေါ် အနိုင်ယူလိုတဲ့ စိတ်ရှိတယ်... ကိုယ့်ချစ်သူကို ကိုယ့် အလိုကျအတိုင်း ဖြစ်စေချင်တဲ့သူမျိုး... အရမ်းလည်း ချစ်တတ်ကြတယ်. အချစ်ကြီးပြီး အချစ်အတွက်ဆို တဇွတ်ထိုး နိုင်တဲ့သူတွေပါ.. ဒါ့ကြောင် အချစ်ရေးမှာ ကံညံ့တယ်လို့ နည်းနည်းပြောရမယ်.... ဦးဆောင်လိုစိတ် ပြင်းပျတယ်... နေရာတကာ ဆရာကြီးလုပ်တဲ့ သူမျိုးမဟုတ်ပေမဲ့.. ဦး ဆောင်နိုင်တဲ့ အရည်အချင်းအပြည့်အဝရှိသူတွေပါ...
မိသားစုကိုလည်းချစ်တတ်ကြတယ်.. အပေါင်းအသင်း မက်တယ်.... ဘယ်နေရာမှာဖြစ်ဖြစ် သူတို့က ဦးစားပေး နံပါတ် တစ် ဖြစ်ချင်တဲ့သူမျိုးတွေပါ.. သူငယ်ချင်း တွေအပေါ် အမြဲ အနစ်နာ ခံတတ်တယ်... ခံစားရတာတွေကိုလည်း မျိုသိပ်ထားတတ်ကြတယ်.. ဒါကြောင့် အများရှေ့မှာ ပြုံးပျော်နေပေမဲ့ ကွယ်ရာမှာ တိတ်တိတ်လေး ကျိတ်ပြီး ခံစားတဲ့သူမျိုး တွေပါ...
အထူးအခြားဆုံး အချက်က တနင်္ဂနွေ သားသမီးတွေက အစွဲအလမ်းကြီး လွန်းတာပါပဲ။ တနင်္ဂနွေများရဲ့ အချစ်ရေးဟာတော့ ချစ်ရတဲ့သူကို အရမ်းချစ်ပေမယ့် အနေဝေးနေကြတယ်။
တိုက်ဆိုင်ရင် Like ၊ share သွား ok
#ဦးဘုန်း


Post a Comment