မိန်းကလေးတွေ နားလည်ရခက်တယ်ဆိုတာ..
ဒီနေ့ ငိုမိတယ်.. သူက ဘာလို့ ငိုတာလဲ မေးတယ်
Rs သက်တမ်း ကြာလာလို့ အကျင့်တွေ ပြောင်းလဲလာတာကို တွေးပီး ဝမ်းနည်းလို့ ငိုတာပါလို့ ဖြေရင် သူ နားလည်နိုင်ပါ့မလား..
နင် အရင်ကလို မဟုတ်တော့ဘူး.. အရင်ကလို ပြန်နေပါ လို့ ပြောရင်.. သူ နားလည်ပါ့မလား..
အခုလည်း ချစ်နေတာပဲလို့ ဆိုလာလို့ ဒါမယ့် အရင်က နင်အဲ့ထက် ချစ်ပြခဲ့တာလေ ပြောရင် သူနားလည်နိုင်ပါ့မလား..
အရင်ကနဲ့ ဘာကွာနေလို့လဲ မေးလို့ တခုချင်း ပြန်ဖြေခဲ့မိရင် ကလေးဆန်တယ် လို့ ထင်ပီး သူနားလည်နိုင်ပါ့မလား
တခါတလေကျရင် မိန်းကလေးတွေက နားလည်ရခက်တယ် တွေးလိမ့်မယ်.. တကယ်တော့ သူတို့ကတွေးတွေးပီး ဝမ်းနည်းတတ်သူတွေပါ.. ကိစ္စ အသေးလေးကအစ စိတ်ထဲမှာ မှတ်ထားတတ်သူတွေပါ.. ကိုယ့်ချစ်သူကို အမြဲ အကဲခတ် နေတတ်သူတွေပါ.. အဲ့တာ နားလည်ရခက်တာ မဟုတ်ပါဘူး ချစ်တာပါ ☺
credit#S_M

Post a Comment