ချစ်ရသူကို မချည်နှောင်ပါနဲ့...
ကိုယ် အရမ်း ချစ်ရသူကို မချည်နှောင်ပါနဲ့။ လွတ်လပ်ခွင့် ပေးထားပါ။ ချည်နှောင်မှ ငြိမ်နေမယ် ဆိုရင် သင့်အပေါ် တကယ် မချစ်လို့ပါ။
တကယ် ချစ်တဲ့သူဆိုတာ အနေနီးသည်ဖြစ်စေ ဝေးသည် ဖြစ်စေ ကိုယ့်ချစ်သူ မကြိုက်တာတွေကို နှလုံးသားက အလိုလိုသိနေပြီး ဦးနှောက်က Auto ဘရိတ် ဖမ်းပီးသား ဖြစ်နေပါတယ်။
ဖိအားမပေးပါနဲ့...
ကိုယ် တန်ဖိုးထားရသူကို အရမ်းကြီး ဖိအားမပေးပါနဲ့။ သူ့စိတ်က အလိုလိုဖြစ်လာပြီး စိတ်ရဲ့ စေရာအတိုင်း ကိုယ့်အပေါ် အလိုက်သိ နားလည်ပေးတာက ပိုပီး ချိုမြိန်ပါတယ်။ ဖိအားပေးမှ ကိုယ်လိုချင်တာ ရတာက မချိုမြိန်သလို ရေရှည် တည်မြဲမှာလည်း မဟုတ်ဘူးလေ။
လူဆိုတာက ဖိလွန်းရင် တွန်းကန်တတ်ပြီး ထွက်ပေါက် ရှာသွားတတ်ပါတယ်။ ကိုယ်နိုင်လို့ ရတယ် ဆိုပြီး တရစပ် ဖိအားပေးမိရင် ကိုယ်ကကောင်းစေချင်တဲ့ စေတနာဖြစ်ပေမယ့်လည်း တစ်ဖက်မှာ နာကျင်သွားနိုင်ပြီး ကိုယ့်ကို ကျောခိုင်းသွားတာမျိုး ဖြစ်စေပါတတ်တယ်။
မေတ္တာတရားဆိုတာက တကယ် လေးနက်လာခဲ့ရင် သူမကြိုက်တာ ကိုယ်မကြိုက်တာကို နှလုံးသားက အလိုလိုသိလာပြီး ဦးနှောက်က ထိမ်းချုပ်လာတတ်တာမျိုးပါ။ ချည်နှောင်မှ ၊ ဖိအားပေးမှ ရလာတာဆိုရင် လေးနက်မှု မရှိလို့ပါ။
Credit_ဇင်းနစ်မကွေး

Post a Comment