သူ့သီချင်းနဲ့ ကပြခဲ့ကြတဲ့ လေယာဉ်မယ်လေးတွေကြောင့် ပျော်ခဲ့ရတဲ့ မနော (ရုပ်သံ)
“ ငါက ဗိုလ်အောင်ဒင်” သီချင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေ တစ်ခဲနက် ရရှိလာတဲ့ အဆိုတော် တစ်ဦးဖြစ်တဲ့ ကျေးလက် အဆိုရှင် မနောကတော့ မဟာသင်္ကြန်ပွဲကို ဆင်နွှဲဖို့အတွက် ဘန်ကောက်မြို့ကို ရောက်ရှိလို့ နေပါပြီ။
မနောကတော့ ဘန်ကောက်ကို သွားတဲ့ လေယာဉ်ပေါ်မှာ ဂုဏ်ယူပျော်ရွှင်ဖွယ် ကိစ္စလေးနဲ့ ကြုံခဲ့ရတဲ့ အကြောင်းကို သူရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ အခုလိုပဲ ဝေမျှထားပါတယ်။ မနောကတော့ လေယာဉ်ပေါ်မှာ သူရဲ့ သီချင်းနဲ့ကနေကြတဲ့ လေယာဉ်မယ်လေးတွေကြောင့် အရမ်းကို ပျော်နေတဲ့ပုံပါပဲနော်။
ရပ်ပွဲ၊ ရွာပွဲတွေ၊ အလှူမင်္ဂလာပွဲတွေမှာ အမြဲလိုလို ကြားရလေ့ရှိတဲ့ မနောရဲ့ သီချင်းတွေကို အခုဆိုရင်တော့ လေယာဉ်ပေါ်မှာတောင် ကြားနေရပြီနော်။ ပရိသတ်တွေ အတွက် မနော သီချင်းနဲ့ ကနေကြတဲ့ လေယာဉ်မယ်လေးတွေရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက် ပေးလိုက်ပါတယ်။
Source: Mannaw





Post a Comment