သင့်ရဲ့လက်ပုံစံကနေ သိရှိနိုင်တဲ့ သင့်ရဲ့စိတ်နေစိတ်ထား
လူတစ်ယောက်ရဲ့ လက်ပုံစံကို ကြည့်ပြီး လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို အကြမ်းဖျဉ်း သိနိုင်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် လက်ပုံစံချင်းက မတူကြသလို စိတ်နေစိတ်ထားလည်း မတူကြပါဘူး။ အခုပြောပြပေးမှာကတော့ လူတစ်ယောက်ရဲ့လက်ပုံစံကနေ သိနိုင်မယ့် စိတ်နေစိတ်ထား အကြောင်းပါ။ လက်ပုံစံ အနေအထား (၄)မျိုး ရှိပြီး မြေ၊ ရေ၊ လေ၊ မီး ဆိုပြီး သတ်မှတ်ထားပါတယ်။
💗 Square Palm, Short Fingers ကတော့ လက်ဖ၀ါး သေးပြီး လက်ချောင်းတွေတိုတဲ့ လက်ပုံစံပါ ။ သူကိုတော့ Earth (မြေ) လို့ ခေါ်ပါတယ်။
💗 Square Palm Long Fingers ကတော့ လက်ဖ၀ါး သေးပြီး လက်ချောင်းရှည်တဲ့ လက်ပုံစံမျိုးပါ။ သူကိုတော့ Air (လေ) လို့ခေါ်ပါတယ်။
💗 Long Palm Short Fingers ကတော့ လက်ဖ၀ါး ရှည်ပြီး လက်ချောင်း တိုတဲ့ လက်ပုံစံမျိုးပါ။ သူကိုတော့ Fire (မီး) လို့ခေါ်ပါတယ်။
💗 Long Palm Long Fingers ကတော့ လက်ဖ၀ါး ရှည်ပြီး လက်ချောင်း ရှည်တဲ့ လက်ပုံစံမျိုးပါ။ သူကိုတော့ Water (ရေ) လို့ခေါ်ပါတယ်။
၁) Earth (မြေ)
ကမ္ဘာပုံစံ လက်မျိုးဆိုရင်တော့ သူတို့တွေက တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ သူတွေပါ။ သူတို့ရဲ့ ပထမဦးစားပေး စာရင်းထဲမှာ အာမခံမှုက ထိပ်ဆုံးကပါ။ ပြဿနာ တစ်ခုခုဖြစ်ရင် တာဝန်ယူချင်စိတ် ရှိကြသူတွေပါ။ အေးအေးဆေးဆေး နေတတ် ၊ ငြိမ်းချမ်းရေးကို လိုလားပြီး သိမ်မွေ့တတ်သူတွေပါ။
၂) Air (လေ)
သင့်လက်ပုံစံက လေပုံစံ မျိုးဆိုရင် သင်ဟာ စကားပြောကောင်းပြီး သွက်သွက်လက်လက်နဲ့ ဖြတ်ထိုးဥာဏ်ကောင်းသူပါ။ ဒါပေမယ့် တစ်ခုခုဆို အတွေးလွန် တတ်တယ်။ ဒီလို လက်ပုံစံမျိုှး ရှိတဲ့သူတွေက စာရေးရတဲ့အလုပ် ၊ စာသင်တဲ့ အလုပ်မှာ ကျွမ်းကျင်ကြတယ်။
၃) Fire (မီး)
မီးပုံစံ လက်ပိုင်ရှင်တွေကတော့ ခေါင်းမာသူတွေဖြစ်ပြီး ခေါင်းဆောင်စိတ် ရှိကြတယ်။ အဖွဲ့အတွက် လိုအပ်မယ့် ဆုံးဖြတ်ချက်ကိုလည်း ချက်ချင်းချနိုင်တယ်။ ဒီလက်ပိုင်ရှင်တွေက ပေါင်းသင်းဆက်ဆံရေး ကောင်း ၊ အပြောကောင်း သူတွေပါ။
၎) Water (ရေ)
ရေပုံစံ လက်ပိုင်ရှင် တွေကတော့ လိုက်လျောညီထွေအောင် နေတတ်သူတွေပါ။ သူတို့တွေက နူးနူးညံညံအရာတွေကို ကြိုက်ပြီး စိတ်ကူးယဉ် ဆန်တတ်ကြတယ်။ ဒီလက်ပိုင်ရှင်တွေက သီချင်း ၊ ကဗျာ တွေနဲ့ လျှိုဝှက်ဆန်းကြယ်တွေကို ကြိုက်ကြတယ်။ တခြားသူတွေကို ကူညီတတ်တယ်။
source : davidwolfe






Post a Comment