သောကြာသားသမီးလေးတွေ အကြောင်း
**********
သောကြာ သားသမီးတွေဟာ လူ့လောကကို စရောက်ပြီ ဆိုကတည်းက အငိုသန်တယ်။ သွေးအေးအေးနဲ့ စိတ်ကြီး တတ်တယ်။ အနေအေးတဲ့ လူအများစု ဖြစ်ကြပေမဲ့ ကိုယ်ခင်ရတဲ့သူ အရင်းနှီးဆုံး လူတွေနဲ့ စကားပြောရင်တော့ အင်မတန်မှ စကားများတယ်။ လေကြော မပြတ်နိုင်ဘူး။ သူများ အကြောင်းထက် ကိုယ့်အကြောင်းတွေကို ပိုပြီး ပြောပြလေ့ ရှိတယ်။
ရည်မှန်းချက် တစ်ခုကို အကောင်အထည် ဖော်ရင် စိတ်ရှည်တယ်။ သီးခံတယ်။ ကိုယ်မကြိုက်တဲ့ အရာ ကိုယ်မနှစ်သက်သော လူတွေ ဆိုရင်တော့ ဘယ်တော့မှ ဂရုမစိုက် တတ်ဘူး။ ကိုယ်မှန်တယ် လို့ ထင်ရင်လည်း ဘယ်သူပြောပြော ဂရုမစိုက်တတ်တာ သောကြာပါ။ လူမှုရေး နဲ့ ပတ်သက်ပြီး ဆက်ဆံရင် ဖော်ရွေတတ်တာ သောကြာပါ။
ကိုယ်ခင်တဲ့ မိတ်ဆွေတွေရဲ့ လူမှုရေးပွဲတွေ အတွက်ဆိုရင် သောကြာတွေဟာ မပျက်မကွက် သွားရောက်တတ်ပါတယ်။ အပြင်မှာ အေးစက်စက်နဲ့ မာနကြီးတယ်လို့ ထင်ရပေမဲ့ ကိုယ်ခင်တဲ့ လူတွေအပေါ်မှာ ဆိုရင်တော့ ပွင့်ပွင့်လင်းလင်းနဲ့ပြောဆို ဆက်ဆံတတ်တာ သောကြာပါ။
ကလေးတွေကိုလည်း ကြင်နာစွာနဲ့ ချစ်တတ်တယ်။ စိတ်ညစ်စရာ စိတ်ဆင်းရဲစရာတွေ ရှိရင် တစ်ယောက်ထဲ အေးဆေး တွေးတောနေရတာကိုပိုပြီး နှစ်သက်တာ သောကြာ။ သောကြာတွေဟာ ကိုယ့်အနားမှာ ရှိနေတဲ့ သူတွေကို အရင်းနီးဆုံး ခင်မင်စွာ နေတတ်ပေမဲ့ စိတ်ထဲမှာ သိပ်ပြီး အစွဲအလန်း မထားတတ်ဘူး။
ခင်မင်ရတဲ့ လူအချို့ကို အချိန်တွေကြာသွားလည်း အမှတ်ရနေတတ်တဲ့သူတွေ ဖြစ်ပေမဲ့ အစွဲအလန်းကြီးစွာနဲ့ သတတနဲ့ သတိရနေတတ်တဲ့ လူတွေတော့ မဟုတ်ဘူး။ အချစ်ရေးကိစ္စမှာ သောကြာတွေဟာ အရှက်ကြီးတယ်။ ကိုယ့်ရဲ့ အချစ်ရေး အချစ်ရာ အကြောင်းတွေကို သူငယ်ချင်းတွေအပေါ်မှာ အကြောင်းစုံ သိပ်ပြီးပြောပြလေ့ မရှိဘူး။ လျို့ဝှက်တတ်တဲ့ နေရာမှာ သိပ်တော်တာ သောကြာပါ။
သောကြာတွေဟာ ပစ္စုပ္ပါန်ထက် အနာဂတ်ကိုပိုပြီး စိတ်ကူးယဉ် တွေးတောလေ့ ရှိတယ်။ သောကြာတွေရဲ့မျက်ဝန်းဟာ စွဲဆောင်မှုရှိသလို စကားပြောရင်လည်း စွဲဆောင်မှု အပြည့်အဝ ပိုင်ဆိုင်ထားတာသောကြာတွေပါ။ သောကြာ တွေရဲ့အချစ်ရေးကတော့ အချစ်ဦးနဲ့ လွဲနေပေမဲ့ အချစ်စစ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အနေအထားလေးပါ။
သောကြာ သားသမီးလေးတွေကတော့ အရိုးသားဆုံး သူလေးတွေပါ။ သူတို့ဟာ အရာရာကို အလေးအနက်ထားတတ်ကြတယ်။ အပျင်းမကြီးတတ်ဘူး။ အစားမမက်ဘူး။ မိသားစုအပေါ် အမြဲအနစ် နာခံတတ်တဲ့သူတွေပါသူတို့ဟာ ဘဝကို ရဲရဲဝင့်ဝင့် ရင်ဆိုင်ရဲကြတယ်။ စိတ်တိုလွယ်သလို စိတ်ပြေလည်း လွယ်တယ်။ ဒေါသမကြီးပေမဲ့ အငြိုးအတေး ကြီးတတ်ကြတယ်။
တစ်ခုခုဆို ခံစား လွန်းတတ်တယ်။ မျက်ရည်လွယ်တယ်။ ကိုယ်ခံစားရတာတွေကို ဘယ်သူ့မှ ပြောမပြဘဲ တစ်ယောက်ထဲ ကျိတ်ခံစားတတ်တဲ့သူမျိုး။ သိုသိုသိပ်သိပ် နေတတ်ကြတယ်။ လောဘမကြီးဘူး။ အချစ်ကြီးသလောက် အချစ်ရေးမှာ ကံမကောင်းဘူး။ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို အမြဲစိတ်ဆင်းရဲ စေတတ်တယ်။ ခေတ်မှီမှီ နေခြင်းထက် ရိုးရိုးလေးနေတာကို ပို သဘောကျတတ်တယ်။ ဒါပေမဲ့ သူ့နေရာနဲ့သူ။ ဝတ်တတ်စားတတ်တယ်။ မုသား မပြောတတ်ဘူး။
သူငယ်ချင်းတွေ ထဲမှာလည်း အမြဲအနစ်နာ ခံတတ်တယ်။ ချစ်သူပဲဖြစ် ဖြစ် မိသားစုပဲဖြစ်ဖြစ် သူငယ်ချင်းအပေါင်းအသင်းပဲ ဖြစ်ဖြစ် အမြဲသူတို့။ ကပဲ အနစ်နာခံတတ်ကြတယ်။
အချစ်ဦးမှာ ကံအရမ်း ဆိုးတတ်တယ်။ တစ်ယောက်တည်း နေရတာကို သဘောကျတယ်။ သီချင်းလေးတွေ ကသာ သူတို့ရဲ့ အဖော်ဖြစ်တယ်။ စိတ်ကူးယဉ် တတ်တယ်။ တစ်ခုခုဆိုလဲ အရမ်း စိုးရိမ်လွန်တတ်တယ်။ သောကြာ သားသမီးလေးတွေရဲ့ အထူးခြားဆုံးက အနစ်နာ ခံနိုင်တာပါ။
မှန်ရင် Like ၊ share
#ဦးဘုန်း


Post a Comment