Header Ads

ပရိသတ်တွေ သိချင်နေကြတဲ့ ပုတ်သင်ညိုလေးအကြောင်း ပြောပြခဲ့တဲ့ သန္တာလှိုင်


စူပါမော်ဒယ် သန္တာလှိုင်ကတော့ သူမရဲ့ fb မှာ ပွဲတက်တဲ့ ပုံတွေကို fan တွေ ကြည့်ရဖို့ ဧပြီ (၉)ရက်နေ့က live လွှင့် ခဲ့ပါတယ်။ သူမရဲ့ live မှာ ပရိသတ်တွေ သတိထားမိခဲ့တာကတော့ သန္တာလှိုင်ရဲ့ ပခုံးပေါ်က အကောင်လေးပါ။



အသည်းယားစရာကောင်းတဲ့ အဲ့ဒီ အကောင်လေးကတော့ သန္တာလှိုင်ရဲ့ ခင်ပွန်းဖြစ်သူက မွေးထားတဲ့ အကောင်လေးပါ။ ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ အကောင်လေးနဲ့ပတ်သက်ပြီး သန္တာလှိုင်က fb မှာ ပြန်ရှင်းပြခဲ့ပါတယ်။



ဒီ အကောင်လေးကတော့ သြစတြေးလျ မျိုးရင်း ပုတ်သင်ညို ဖြစ်ပြီး၊ နာမည်ကတော့ Bearded Dragon လို့ သိရပါတယ်။ သန္တာလှိုင် ရှင်းပြခဲ့တဲ့ ဒီအကောင်လေးနဲ့ ပတ်သက်တဲ့ အပြည့်အစုံကတော့ … “ ဒီအကောင်လေးကို မနေ့ညကတွေ့တော့ ယောက်ကျားက မွေးတော့ မွေးချင်တယ် ဒါပေမယ့် သူပျော်မပျော် ဘယ်လိုလုပ်ပြီး သိမလဲတဲ့? ခွေးတွေ ကြောင်တွေလို မပြတတ်တော့… အဲ့ဒါနဲ့ သူ့အကြောင်း လေ့လာလိုက်တာ ဒီပုတ်သင်ညို အမျိုးက Australia တိုက်မှာ တွေ့ရတဲ့ ပုတ်သင်ညို တစ်မျိုးပါတဲ့။



သူ့ရဲ့ လူသိများတဲ့ အမျိုးနံမည်က Bearded Dragon လို့ ခေါ်ပါတယ်။ သူ့လည်ပင်း အောက်မှာပါတဲ့ အရစ်က မုတ်ဆိတ်မွေး သဘောမျိုး ဖြစ်နေလို့ပါတဲ့။ သူတို့ စိတ်ညစ်ရင် ဖြစ်ဖြစ် စိတ်အနှောက်အယှက် ရန်သူနဲ့ တိုက်မယ်တို့ ဆိုရင်… မုတ်ဆိတ်မွေးလို မေးစိက အရစ်က မဲလာရောတဲ့။



ကဲ သူတို့စိတ် အနေအထားကို သိရပြီဆိုတော့ မွေးဖို့စဉ်းစားမလားလို့…. သူတို့ အမျိုးအနွယ်က စိတိပျော်ရင် ခေါင်းလဲ ငြိမ့်တတ်တယ်တဲ့ အိမ်မွေး တိရိစာန်အဖြစ် မွေးလို့ရတဲ့ အမျိုးအစားတဲ့။ google ကနေလေ့လာပြီး ပြောတာပါနော်…ဘယ်တိရစ္ဆာန်ပဲ မွေးမွေး ယူရမယ့် တာဝန်တွေကို သေချာ လေ့လာကြီး တကယ်တာဝန်ယူနိုင်မှသာ မွေးဖို့ ဆုံးဖြတ်ပါလို့ မေတ္တာရပ်ခံပါတယ်နော်…..” ဆိုပြီး တင်ထားတာပါ။


from သန္တာလှိုင်ရဲ့ fb

No comments

Powered by Blogger.