အချစ်တွေ ကုန်ဆုံးသွားပီဆိုတာ ဖော်ပြနေတဲ့ အချက် (၆) ချက်
1. အကြည့်ချင်း မဆုံတော့ခြင်း
မျက်လုံး က စိတ်ရဲ့ တံခါးပေါက်ပါ။ အတူရှိချိန်မှာ မျက်လုံးက ရောက်တတ်ရာရာပဲ လျှောက်ကြည့်ဖြစ်နေမယ်၊ သူဘေးနား ရှိနေလဲ ကိုယ့်အတွက် ထူးထူးခြားခြား မဖြစ်တော့ဘူး။ Facebook သုံးလဲ တခြားအသစ်အသစ်တွေပဲ ကြည့်ဖြစ်နေပြီး သူ့အကြောင်းကို စိတ်မဝင်စားတော့ဘဲ ဖြစ်နေလိမ့်မယ်။
2. Message ပုံမှန် မပို့တော့ခြင်း
အရင်လို အချစ်တွေနဲ့ ပြည့်နေတဲ့ စာတိုလေးတွေ မပို့ဖြစ်တော့ဘူး၊ အကြင်နာ စိတ်လေးပါတဲ့ တစ်စောင်တစ်လေလေး ပို့ဖို့တောင် ခဲယဉ်း နေပါလိမ့်မယ်။
3. Best friend status
တကယ်လို့ သင်ဟာ ငါ့မှာရှိတာ ဆိုလို့ best friend တစ်ယောက်ထဲပဲ လို့ တွေးထားရင် သင့်ချစ်သူအပေါ် စိတ်ကုန်လာတဲ့ လက္ခဏာပြနေပါပြီ။ ချစ်သူထက် သူငယ်ချင်း ကိုပဲ ပိုလိုအပ်တယ်ဆိုတဲ့ သဘောပါပဲ။
4. ချစ်စရာ မကောင်းတော့ခြင်း
အရင်တုန်းက ချစ်စရာကောင်းတယ် လို့ ထင်ထားတဲ့ အပြုအမူလေးတွေက ချစ်စရာ မကောင်းတော့ဘဲ ရိုးအီလာမယ်။ သူဘာပဲ လုပ်ပြနေနေ စိတ် အနှောင့်အယှက်တွေ လို့ပဲ မြင်နေမယ်။
5. တစ်စုံတစ်ခု ပျောက်ဆုံးနေတယ်လို့ ခံစားရခြင်း
အချစ် မရှိတော့ဘူး ဆိုတဲ့ ခံစားချက်ဟာ ပြန်ရှင်းပြဖို့ တော်တော် ခက်ပါတယ်။ အဲ့ဒါကို ဘယ်စကားနဲ့မှ မဖော်ပြနိုင်သလို ဘယ်အရာနဲ့မှလည်း ပုံမဖော်နိုင်ပါဘူး။ သူနဲ့ ပတ်သက်တဲ့ ခံစားချက်ဟာ ကွက်လပ်ကြီးလို ဖြစ်နေပြီဆိုရင် -------အဲ့ဒီ ပျောက်ဆုံးနေတဲ့ အရာက မင်းရဲ့ အချစ်သော့တံတွေ မဟုတ်တော့ပါဘူး။ မင်းကိုယ်တိုင် အချစ်ကို သော့ခတ်သိမ်း လိုက်တာပါပဲ။
6. ဆွဲဆောင်မှု မရှိတော့ခြင်း
နောက်တစ်ချက်က သူနဲ့ ရူးခါနေအောင် ချစ်တုန်းကတော့ သူဘယ်လိုပုံပဲ ပေါက်ပေါက် လက်မလွှတ်နိုင်အောင် ဖြစ်နေခဲ့ဖူးတာပေါ့။ ဟော.....သူ့ကိုဆက်လဲ မချစ်နိုင်တော့ရော ဆွဲဆောင်မှု မရှိတော့ဘူး လို့ကို ထင်လာပါလိမ့်မယ်။ တစ်ယောက်နဲ့ တစ်ယောက် နမ်းဖို့ မပြောနဲ့ အသားချင်းတောင် မထိချင်တော့ပါဘူး ။
ဒီအချက်တွေနဲ့ ကိုက်ညီနေပြီး ချစ်သူနဲ့ ဝေးကွာဖို့ပဲ စိတ်အားထက်သန် လာမယ် ဆိုရင်တော့ သင်သူ့ကို လုံးဝ မချစ်နိုင်တော့ဘူး ဆိုတာ သေချာနေပါပြီ။ ဒီလို ခံစားနေရပြီ ဆိုပြီးတော့လဲ လက်ရှိ ချစ်သူကို ဖြတ်ဖို့ မစဉ်းစားလိုက်နဲ့ဦးနော်၊ တစ်ခါတစ်လေ လူဆိုတာ အပြောင်းအလဲ လိုချင်တတ်ကြတာမို့ ကိုယ့်စိတ်ကို ပြန်ဆန်းစစ်ကြည့်ပြီးမှ ဆုံးဖြတ်ပါ။ အာ့ဆိုရင်လဲ နောက်မကျသေးပါဘူး လို့ပဲ အကြံပေးပါရစေနော်.....
Violet (Loveအတိုအစလေးများ)



Post a Comment