Header Ads

Live ထဲ ခိုးဝင်ကြည့်တာကို ဖြေရှင်းခဲ့တဲ့ G Fatt


G Fatt ကတော့ လတ်တလော အွန်လိုင်းပေါ်မှာ ပြန့်နှံ့နေတဲ့ ကောင်မလေးတစ်ဦး live လွှင့်ခဲ့တဲ့ ဗီဒီယိုကို ခိုးပြီး ဝင်ကြည့်ခဲ့တယ်ဆိုတဲ့ G Fatt is watching ကိစ္စကို မှားဝင်မိတာပါ ဆိုပြီး Comment မှာရော Live မှာပါ ပြန်လည် ရှင်းပြထားတာပဲ ဖြစ်ပါတယ်။


ပရိသတ်တွေ အားလုံးက သဘောကျနေကြတဲ့ ဒီကိစ္စကိုတော့ သူငယ်ချင်းတွေ share ထားကြတဲ့ ဗီဒီယိုကို ဘာမှန်းမသိပဲ ဖွင့်ကြည့်မိခဲ့ရာက အဲ့ဒီဗီဒီယို ဖြစ်နေတာကြောင့် ချက်ချင်း ပြန်ထွက်ခဲ့ပေမယ့် မမှီတော့တာပါ ဆိုတဲ့ G Fatt က တကယ်လုံးဝ Watching မလုပ်ခဲ့ပါဘူးတဲ့နော်။



လတ်တလောမှာ မြစ်ကြီးနားသို့ ရောက်ရှိနေတဲ့ G Fatt ကတော့ ချစ်ရတဲ့ ပရိသတ်တွေအတွက် မိုးသီချင်းလေး တစ်ပုဒ် ရေးနေတယ် လို့လည်း သိရပါတယ်။  ပြီးခဲ့တဲ့ မတ်လ ၂ရက်နေ့က ထွက်ရှိခဲ့တဲ့ G Fattရဲ့ 120B အခွေကလည်း တစ်လ မပြည့်သေးခင်မှာပဲ အခွေရောင်းအား တစ်သောင်းနီးပါး ရှိနေပြီပဲ ဖြစ်ပါတယ်။



ပရိသတ်တွေ အရမ်းကို သိချင်နေတဲ့ G Fatt is watching ကိစ္စကို ရိုးရိုးရှင်းရှင်းလေးပဲ ပြန်လည် ရှင်းပြခဲ့တဲ့ G Fatt ကို နားလည်တယ် ဆိုရင်တော့ တစ်ခုခု ပြောသွားခဲ့ကြပါဦးနော်။


credit Myint Myat (momolay)

No comments

Powered by Blogger.