မိန်းမကောင်းတစ်ယောက် ထားသင့်တဲ့စိတ်ထားဆိုတာ
~~~~~~
ကျွန်မက သိပ်ချော သိပ်လှထဲပါတဲ့ မိန်းမ တစ်ယောက်တော့ မဟုတ်ဘူး။ ဒါပေမဲ့ ရုပ်ရည် လှပမှုက မိန်းကလေး တစ်ယောက်ရဲ့ ရတနာလို ဆိုလိုရင် စိတ်ထားကောင်းခြင်းက မိန်းကလေး တစ်ယောက်ရဲ့ ရတနာသိုက်မျိုးပေါ့။ ဒါကြောင့် ကျွန်မ လက်ခံရရှိတဲ့ ရုပ်ရည် လှပမှုကို ဘယ်တော့မှ ဝမ်းနည်းမှု ရှိစေမှာ မဟုတ်ဘူး။
ကျွန်မက အရမ်းတော် အရမ်း ထက်မြက်နေတဲ့ မိန်းမ တစ်ယောက်ထဲ မပါဝင်ပါဘူး။ ဒါကြောင့် ကျွန်မ အချိန်တိုင်း ကြိုးစား နေရတယ်။ ဒါပေမဲ့ ကြိုးစားမှုရဲ့ ရလဒ်တိုင်းကို ကျွန်မ လက်ခံနိုင်စွမ်း အပြည့်ရှိအောင် ပြင်ဆင်ထားတယ်။ ပြီးတော့ ကျွန်မ ညံ့ဖျင်းရင် ကျရှုံးမယ်။ ကျွန်မထက်မြက်ရင် အောင်မြင်မယ်။ ဒါကြောင့် ကျွန်မဘယ်တော့မှ ပူပန်နေမဲ့ သူမျိုးမဟုတ်ဘူး။
ကျွန်မက ဥစ္စာပစ္စည်း အရာရာ ပြည့်စုံနေတဲ့ မိန်းမတစ်ယောက် မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မ လိုချင်သောအရာမျိုးကို တစ်ဖြည်းဖြည်းနဲ့ ဘယ်သူ့ အပေါ်မှာမှ မထိခိုက်စေပဲ ကျွန်မကိုယ်တိုင် ကြိုးစားတည်ဆောက် ယူခဲ့ရတယ်။ ဒါကြောင့် ကျွန်မ ပိုင်ဆိုင်မှုတွေက အမြဲတမ်း လိပ်ပြာသန့်စွာ ဘဝမှာ စိတ်ချမ်းသာရစေတယ်။
ကျွန်မ ဘယ်တော့မှ သူတစ်ပါးကြောင့် ဝန်ထုပ်ဝန်ပိုး ရှိစေမှာမဟုတ်ဘူး။ ကျွန်မက အသားလွတ် ဘဝင်လေဟပ် သွေးနတင်ရောက်နေတဲ့ မာနကြီးတဲ့ မိန်းမမျိုးလည်း မဟုတ်ပါဘူး။ ကျွန်မရဲ့ သိက္ခာနဲ့ ကိုယ်ကျင့်တရားကို လာမထိခိုက်သ၍ မည်သူ့အပေါ်မှာမှ စိတ်နဲ့တောင် အပြစ် မလုပ်ဖူးသူပါ။ သို့သော် ကျွန်မရဲ့ ကိုယ်ကျင့်သိက္ခာကို လာထိသူ မှန်သမျှကို အရှုံးပေး ခေါင်းငုံခံမဲ့ မိန်းမမျိုးတော့ မဟုတ်ဘူး။
ဒါကြောင့် ကျွန်မ မာနသည် ကျွန်မအတွက်တော့ အကာအကွယ် ဖြစ်သည်။ ကျွန်မက မိန်းမဆိုတာ တော်ဝင်နန်းထိုက် နေဖို့ထက် ရဲရင့် ပျက်သားနေတာကိုပဲ ပိုသဘောကျသူပါ။ ပန်းတစ်ပွင့်လို အပြုစုအယုယခံ မွေးဖွားခွင့် မရခဲ့ရင် မြက်တစ်ပင်လို ကျရာနေရာက ရှင်သန်နိုင်အောင်သာ ကျွန်မ ကြိုးစားတတ်ရမယ်။
#မိုးရည် စက်များ
Post a Comment