ယောင်္ကျားလေးတွေ တကယ်ချစ်ပီဆို မိန်းကလေးဘက်က ဒဏ်မခံနိုင်ဘူး
အတွဲတစ်တွဲမှာ ယောက်ျားလေး ဖက်က တစ်ကယ် ချစ်လာပြီ ဆိုရင် အချစ်ခံရတဲ့ မိန်းကလေး ဖက်က အဲ့ဒီ ဒဏ်ကို မခံစားနိုင်ကြဘူး။ ဘာလို့လဲဆိုတော့ ယောက်ျားလေး အားလုံးမှာ တူညီတဲ့ အချက်တစ်ခု ရှိတယ်။ အဲ့တာက...
ကျွန်တော်တို့ ယောက်ျားလေးတွေ တစ်ကယ် နှစ်နှစ်ကာကာ ချစ်လာတဲ့ အချိန်ရောက်ရင် ကိုယ့်ချစ်သူ အပေါ် သံသယစိတ်တွေ စွပ်စွဲချက်တွေ အပြစ်မြင်တာတွေက ပိုများလာပါတယ်။ အရမ်းအချစ် အတ္တကြီးတဲ့ ယောက်ျားလေးတွေဆို အဲ့အချိန်ကျရင် ယောက်ျားလေး သူငယ်ချင်းတောင် ပေးမထားကြပါဘူး။
ကောင်မလေးရဲ့ fb_passward သိတဲ့သူဆို သူနဲ့ ပတ်သတ်တဲ့နေ့ နောက်ပိုင်း ဘယ်သူတွေနဲ့ ပြောထားလဲ ဆိုတာ သေချာကြည့်တတ်ပါတယ်။ အဲ့မှာ သူငယ်ချင်းထက် ပိုတဲ့အရေးအသားတွေ ပြောထားတာတွေ့ရင် အဲ့နေ့တော့ တကယ့် ရန်ဖြစ်တဲ့နေ့ပါပဲ။
လက်ခံနိုင်တဲ့ ဖြေရှင်းချက် မရှိရင်တော့ အဲ့ပြဿနာက မပီးတော့ပါဘူး။ ကံအရမ်းဆိုးရင် လမ်းခွဲဖို့အထိ ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က မိန်းကလေးတွေ စိတ်ထဲ ကြောက်စိတ် ဝင်သွားတာပါ။ အဲ့လိုဖြစ်တာကတော့ ကျွန်တော်တို့ ယောက်ျားလေးတွေရဲ့ အမှားပါ။ တစ်နေ့တစ်နေ့ ပြဿနာ အရှာခံရလွန်းလို့ အဲ့လိုဖြစ်တယ် လို့ ထင်ပါတယ်။
ဒါပေမဲ့ မိန်းကလေးဘက်က အကောင်းမြင် စိတ်နဲ့ တွေးရင်တော့ အဲ့လိုဖြစ်မယ် မထင်မိပါဘူး။ နောက်ဆုံးပြောချင်တာက လမ်းခွဲမယ် ဆိုတဲ့ စကားပြောဖို့ စက္ကန့်ပိုင်းပဲ ကြာတာပါ။ အဲ့စကား မပြောထွက်ခင် အရင်အချိန်တွေကို ပြန်တွေးကြည့်ပါ။ အဲ့ဒါဆို သေချာတဲ့ အဖြေတစ်ခု ရမယ်လို့ မျှော်လင့်တယ်။
လမ်းခွဲစကား မပြောခင်မှာလည်း ကြိုပီး စဉ်းစားပါ။ တစ်ကယ်လို့ လမ်းခွဲသွားရင် သူလဲ နစ်နာ ကိုယ်လဲ နစ်နာမှာမို့ အချိန်မနှောင်းခင် သိစေချင်တယ်။
credit to #akmh
Post a Comment