Header Ads

LDRSဘ၀ စွန်း ၀မ်းနည်းဖို့ကောင်းတယ်


LDRS သိပ် ဝမ်းနည်းဖို့ ကောင်းတယ်.. ရေမြေတွေ ခြားပီး ရင်မှာ ချစ်တတ်ခြင်း တဝက် လွမ်းတတ်ခြင်း တစွန်းတစနဲ့... အားကျတာပေါ့ သူများ အတွဲတွေကိုမြင်ရင်.. ပြေးဖက် ချင်တာပေါ့ ကိုယ့်ချစ်သူ ရင်ခွင်ထဲ ခေါင်းဝှေ့ပီး.. မနက်နိုးရင် ပူပန်ရတဲ့ အရာက ထိုအလွမ်းပဲ.. ညနက်တော့ရော ဘာထူးလို့လဲ ထိုအလွမ်းကပဲလူကို မျက်ရည် စိုစေပြန်တယ်....

ဖုန်းပြောနေလဲ အလွမ်းမပြေ Chatbox ကနေ Typing ရိုက်နေလဲ အလွမ်းမပြေ Video call လေးခေါ်ပီး အလွမ်းသယ်လဲ ဘယ်လိုမှကို အလွမ်းမပြေ... အဝေးမှာ တယောက်ထဲဘာတွေ လုပ်နေမလဲ စိတ်ပူသလို သံသယလို အတွေးတွေနဲ့ စိတ်နဲ့လူက မိုင်တွေကွာလို့....

ဖြစ်ချင်တာကိုသာ ဦးစားပေးကြေးဆို လက်ရှိ လုပ်နေတာတွေ ရပ်ပီး သူ့ပုခုံးပေါ်ပဲ ခေါင်းမှီချင်ရဲ့.. လက်ရှိက ဘာလဲ မသိချင်ဘူး.. ကိုယ်သိချင်တာက ဘယ်နေ့အဝေးက သူ့ကိုတွေ့ရမလဲ ဆိုတာပဲ ဘယ်နေ့ သူ့လက်ကို တရားဝင်ဆုပ်ကိုင်ရမလဲ ဆိုတာပဲ..


ဘယ်နေ့ လေလှိုင်းထဲက နမ်းနေရတဲ့ သူ့ပါးကို ကိုယ်နှုတ်ခမ်းနဲ့ မွတ်သိပ်စွာ နမ်းရမလဲ ဆိုတာပဲ.. နောက်ဆုံး တခုတော့ ဘယ်နေ့ သူ့လက်မောင်းပေါ် ခေါင်းအုံးပီး မနက်တွေ သူနဲ့အတူနိုးထခွင့် ရှိမလဲ ဆိုတာပဲ.. ဟုတ်ကဲ့ ရူးတယ်ပြောရင်လဲ ပြောပါ.. အနေဝေးနေတဲ့ LDRS တခုကို တည်ဆောက်ထားရလို့ ရူးမတက် လွမ်းရင်း တခါတလေ တယောက်ထဲမို့ ရူးမတက် အားငယ်မိပါတယ်..


ဒါပေမယ့်.... သူ့ကို တနေ့တွေ့ရမယ်ဆိုပီး အားတင်းထားလိုက်တော့ အနေနီးနေတဲ့ Rs တွေကြည်နှုးလို့ ပြုံးတာထက် ကိုယ့်အပြုံးက ပိုလှနေသလို.... အချစ်က ဝေးဝေးနီးနီး လူတွေကို တကိုယ်ထဲ ပြုံးအောင် ညို့ယူစေခိုင်း စွမ်းနိုင်ပါတယ် ❤️❤️❤️

credit aye thazin oo

No comments

Powered by Blogger.