ဒီလိုလူတွေကို တန်ဖိုးထားပါ
*********
မိုးရွာလို့ ထီးမိုးပေးသူထက် မျက်ရည်မိုး မရွာအောင် စိတ်ချမ်းသာ ပျော်ရွှင်မှုတွေ ပေးသူကို တန်ဖိုးထားပါ ။
ငိုနေလို့ မျက်ရည် သုတ်ပေးနေသူထက် လိုအပ်တဲ့အချိန် ကိုယ့်အတွက် အမြဲအဆင်သင့် ဖြစ်နေသူကို တန်ဖိုးထားပါ ။
ပျားသကာလို စကားချိုချိုဖြင့် မြှောက်ပင့်ပေါင်းသူထက် အမုန်းခံပြီး ဆုံးမလမ်းညွှန် တတ်သူကို တန်ဖိုးထားပါ ။
ဟင်းစား ပေးသူထက် ကွန်ချက်ပြပေးတဲ့သူကို တန်ဖိုးထားပါ ။
အရမ်းချစ်တယ်လို့ ခဏခဏ ပြောနေသူထက် နားလည်မှုနဲ့ ကိုယ်ချင်းစာစိတ် မြင့်မားသူကို တန်ဖိုးထားပါ။
ရုပ်လှသူထက် စိတ်ထား ပြည့်ဝသူကို တန်ဖိုးထားပါ။
အပြောလှသူထက် အနေတည်သူကို တန်ဖိုးထားပါ။
အသိများသူထက် အမြင်ကျယ်သူကို တန်ဖိုးထားပါ။
အတွေးအခေါ် မြင့်မားသူထက် စိတ်ဓာတ် ရင့်ကျက် တည်ငြိမ်သူကို တန်ဖိုးထားပါ။
ကတိပေးသူထက် တာဝန်ယူတတ်သူကို တန်ဖိုးထားပါ။
ချမ်းသာကြွယ်သူထက် စေတနာပြည့်ဝ မှန်ကန်သူကို တန်ဖိုးထားပါ။
လောကမှာ မင်းဖြတ်သန်းနေတဲ့ ဘဝတလျှောက်လုံး အထက်ပါ တန်ဖိုးထားသင့်သူကို တွေ့ရင် ဘယ်တော့မှ လက်လွှတ်မခံပါနဲ့ အကယ်၍ ဆုံးရူံးခဲ့ရရင် နောက်တစ်ယောက် ထပ်ပြီး တွေ့ဆုံဖို့ ဆိုတာ မလွယ်ကူတော့လို့ပါ။
#credit...smh (nnnt)_nine nat nay thar
Post a Comment