ဘာလို့ ရည်းစားတွေ အများကြီး တစ်ပြိုင်နက်ထဲ ထားသင့်တာလဲ 💕
တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက် သစ္စာရှိရှိ ချစ်မြတ်နိုးပြီး သက်ဆုံးတိုင် လက်တွဲနိုင်ရင်တော့ အကောင်းဆုံးပေါ့လေ ။ ဒါပေမယ့်လည်း လူဆိုတာက သိတဲ့အတိုင်းပဲ ရေရှည်မှာ သဘောထားချင်း မတိုက်ဆိုင်တာတို့ ၊ တကယ် လက်တွဲကြည့်လိုက်တော့မှ နားလည်မှု ဘယ်လိုမှ ပေးလို့မရတာတို့ ၊တကယ် မချစ်မှန်း သိလာတာတို့ အများကြီးမှ အများကြီးပဲ။ ဒါကြောင့် ရည်းစားများများ ထားပါ ၊ ဘာလို့ ထားသင့်လဲ ဆိုတာ အောက်မှာ ထပ်ဖော်ပြထားတယ်.. ဖတ်ပေးဦး :D
❎ စိတ်လှုပ်ရှားစရာ ကောင်းတယ်
မှန်ပါတယ် ၊ ရည်းစားတွေ အများကြီး တစ်ပြိုင်တည်းထားရတာ ပျော်ဖို့လည်း ကောင်းသလို စိတ်လှုပ်ရှားဖို့လည်း အရမ်းကောင်းတယ် ၊ ဘယ်နေရာမှာများ ဘယ်တစ်ယောက်နဲ့ ပက်ပင်း တိုးလိုက်လေမလဲ ဆိုပြီး ရင်ခုန်ရတယ်။
❎ အများကြီးရှိမှ အကောင်းဆုံးကို ရွေးချယ်လို့ရမှာပေါ့
ကိုယ့်မှာ တစ်ယောက်တည်းရှိရင် တစ်ယောက်ပဲ ရွေးချယ်စရာ ရှိတယ် ၊ another choice မရှိဘူးပေါ့။ ကိုယ့်မှာက ချစ်သူတွေ အများကြီး ရှိနေတယ် ဆိုရင် အဲ့ထဲကမှ ကိုယ့်အတွက် အသင့်တော်ဆုံး ဖြစ်မယ့်လူကို ရွေးချယ်နိုင်ဖို့ အခွင့်အရေး ပိုများမယ်လို့ ထင်ပါတယ် ။
❎ ယုံကြည်မှုကို မြင့်မားစေတယ်
ချစ်သူတွေ အများကြီးနဲ့ တစ်ပြိုင်တည်းတွဲတာဟာ မိမိကိုယ်ကို ယုံကြည်မှုလည်း မြင့်မားစေသလို Dating Skill ကိုလည်း ပိုမိုတိုးတက် လာစေပါတယ်။
❎ အာရုံစိုက်မှုလည်း လျော့ပါးစေတယ်
မိမိမှာ ချစ်သူတစ်ယောက်တည်း ရှိနေရင် အဲ့တစ်ယောက်နဲ့ ပတ်သတ်သမျှ စိတ်ဆိုးစိတ်ကောက်တာတွေ ၊ ရန်ဖြစ်ရတဲ့ ပြဿနာတွေ ၊ စိတ်ဖိစီးမှု တွေကိုလည်း အာရုံစိုက်မိ နေမှာပါ။ အဲ့လိုဖြစ်လာရင် ကိုယ့်အတွက်လည်း ပင်ပန်းလှသလို နှစ်ဦးနှစ်ဖက် ရေရှည်မှာ ကောင်းကျိုးလည်း မရှိပါဘူး ။ ဒါကြောင့် ကိုယ့်ရဲ့ အာရုံလေးတွေကို ဖြန့်ကျက်ထားတာ အကောင်းဆုံးပါပဲ :3
❎ သင်ခန်းစာတွေ ယူနိုင်တယ်
လူအမျိုးမျိုးနဲ့ တွေ့ဆုံချစ်ကြိုက်ဖူးတဲ့အခါ လူတွေရဲ့ အကြောင်းကို ပိုလို့သိလာရမယ် ၊ လူတွေကိုယ့်ကို မမုန်းပဲ ချစ်သထက် ချစ်လာအောင် ဘယ်လိုကြိုးစားရမလဲ ၊ လူတွေနဲ့ အဆင်ပြေအောင် ဘယ်လိုနေရမလဲ ဆိုတာ ပိုသိလာပါလိမ့်မယ်။
ရည်းစားများတဲ့ ကိုယ့်ဘော်ဒါတွေကို အောက်မှာ Mention လေးခေါ်ပေးခဲ့ဦး..
Credit to upupmm
Post a Comment