Header Ads

သင် ​သောကြာသားသမီး​ကို ချစ်သူတော်မယ်ဆိုရင်


သင် ​သောကြာ သားသမီး​ကို ချစ်သူတော်မယ် ဆိုရင်....

သောကြာ သားသမီး​လေး​ တွေက​တော့  အရိုးသားဆုံး သူ​လေး​တွေပါ... သူတို့ဟာ အရာရာကို အ​လေးအနက်​ ထားတတ်​ကြတယ်​.. အပျင်း မကြီးတတ်​ဘူး... အစား မမက်​ဘူး.. တခါတလေတော့ စကားပြောရင် တဖက်လူ နားညီးအောင် ပြောတတ်ကြတယ်..

မိသားစုအ​ပေါ် အမြဲ အနစ်​နာခံ တတ်​တဲ့ သူ​တွေပါ..... သူတို့ဟာ ဘဝကို ရဲရဲဝင့်ဝင့် ရင်​ဆိုင်​ရဲ ကြတယ်​.. ​စိတ်​တို လွယ်​သလို စိတ်​​ပြေလည်း လွယ်​တယ်​.... ​ဒေါသမကြီး​ပေမဲ့ အငြိုးအ​တေး ကြီးတတ်​ကြတယ်​... တစ်​ခုခုဆို ခံစား လွန်းတတ်​တယ်​.. မျက်​ရည်​လွယ်​တယ်​..... ကိုယ်​ ခံစားရတာ​တွေကို ဘယ်​သူ့မှ ​ပြောမပြဘဲ တစ်​​ယောက်​ထဲ ကျိတ်​ခံစားတတ်​တဲ့ သူမျိုး....

သိုသို သိပ်​သိပ်​​ နေတတ်​ကြတယ်​... ​လောဘမကြီးဘူး...... အချစ်​ကြီးသ​လောက်​ အချစ်​​ရေးမှာ ကံမ​ကောင်းဘူး.... ကိုယ်​ချစ်​တဲ့သူ​က... ကိုယ့်​ကို အမြဲ စိတ်​ဆင်းရဲ ​စေတတ်​တယ်​... ​ခေတ်​မှီမှီ ​နေခြင်းထက်​... ရိုးရိုး​လေး​ နေတာကို ပိုသ​ဘောကျ တတ်​တယ်​...


ဒါ​ပေမဲ့ သူ့​နေရာနဲ့သူ... ဝတ်​တတ်​ စားတတ်​တယ်​... မုသား မ​ပြောတတ်​ဘူး.. သူငယ်​ချင်း​တွေ ထဲမှာလည်း အမြဲ အနစ်​နာ ခံတတ်​တယ်​..... ချစ်​သူပဲ ဖြစ်​ဖြစ်​ မိသားစုပဲ ဖြစ်​ဖြစ်​ သူငယ်​ချင်း အ​ပေါင်းအသင်းပဲ ဖြစ်​ဖြစ်​ အမြဲ သူတို့​ကပဲ အနစ်​နာခံ တတ်​ကြတယ်​...


အချစ်​ဦးမှာ ကံအရမ်း ဆိုးတတ်​တယ်​.. ​တစ်​​ယောက်​တည်း ​နေရတာကို သ​ဘောကျတယ်​.. သီချင်း​လေး​တွေကသာ သူတို့ရဲ့ အ​ဖော်​ဖြစ်​တယ်​.. စိတ်​ကူးယဉ် ​တတ်​တယ်​... တစ်​ခုခုဆိုလဲ အရမ်း စိုးရိမ်​လွန်​ တတ်​တယ်​...

သောကြာ သားသမီး​လေး​တွေရဲ့ အထူးခြားဆုံးက အနစ်​နာ​ ခံနိုင်​တာပါ...

credit to original

No comments

Powered by Blogger.