Header Ads

မိန်းခလေးတစ်ယောက်ကို တကယ်ချစ်ရင်💃


မိန်းကလေး တစ်ယောက်ကို တကယ်ချစ်ရင် အတိတ်ကို မကြည့်နဲ့ အနာဂတ်ကိုပဲကြည့်.. သူမ အရင်က ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ့်ရင်ခွင်အောက်ရောက်ရင် သူမဟာ ဘုရင်မပဲ…

မိန်းကလေး တစ်ယောက်ကို တကယ်ချစ်ရင် အပျိုစစ်ရဲ့လား မစစ်ဘူးလား ဘယ်တော့မှ မတွေးနဲ့.. တကယ်တမ်း တွေးနေတဲ့ကောင်တွေက အိပ်- စား- ကာမ ဘက်ကို အလေးသာနေတဲ့သူတွေ.. ဥပမာ- သူများမကြိုက်လို့ စွန့်ပစ်ခဲ့တဲ့ စာအုပ်ဟာ ဘယ်လောက်ပဲ စုတ်ပြတ်သတ်နေပါစေ.. ကိုယ် မဖတ်ရသေးဘူး ဆိုရင် အသစ်ပဲလေ.. ကိုယ့်လက်ထဲမှာသာ ထပ်ပြီး မစုတ်ပြဲအောင် ဂရုစိုက်...

မိန်းကလေး တစ်ယောက်ကို တစ်ကယ်ချစ်ရင် သမီးရည်းစားဘဝမှာ ဘယ်တော့မှ မလွန်ကျူးမိစေနဲ့.. မတော်တဆ အကြောင်းမတိုက်ဆိုင်လို့ ကိုယ်နဲ့ မညားခဲ့ရင် မိန်းကလေးဘဝ အရမ်းနစ်နာတယ်.. ကိုယ့်ညီမ ကိုယ့်အမ ရှိရင် ကိုယ်ချင်းစာကြည့်…

မိန်းကလေး တစ်ယောက်ကို တစ်ကယ်ချစ်ရင် ကိုယ့်စိတ်အာသာပြေဖို့ တစ်ခုအတွက်နဲ့ သူတို့ဘဝကို ဘယ်တော့မှ မဖျက်စီးနဲ့.. မတော်တစ်ဆ စိတ်မထိန်းနိုင်လို့ ကျူးလွန်မိခဲ့ရင်လည်း လက်ထပ်ယူနိုင်ရမယ်.. ဒါဆိုရင် သူဟာ… ယောင်္ကျားကောင်း တစ်ယောက်ပဲ~~~

credit to original

No comments

Powered by Blogger.