Header Ads

ထက်မြက်တဲ့ မိန်းမဆိုတာ


☝️ စိတ်ဆတ်လိမ့်မယ် 😏 စိတ်ထား မကောက်ကျစ်ဘူး...

😡 ဒေါသကြီးရင် ကြီးမယ် 😊 အချိန်ကြာကြာ စိတ်မဆိုးတတ်ဘူး...

😃 ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်တယ် 😝 ဟန်မဆောင်တတ်ဘူး...

😏 မာယာ မများဘူး ☝️ ရဲရင့်တဲ့ ဆက်ဆံရေး ရှိတယ်...

😩 အိနြေ္ဒကြီး တစ်ခွဲသားနဲ့ မနေတတ်ဘူး၊ 😁လူအများနဲ့ နေရတာ နှစ်သက်​တယ်

😎 နေရာတကာ ဆရာကြီး လုပ်တတ်ပေမယ့် 😊 စာနာစိတ်ရှိတဲ့ နေရာမှာ သူတို့ကို လိုက်မမှီဘူး...

သူတို့ အားနည်းချက်က...
👉 သနားတတ်တယ်
👉 အားနာတတ်တယ်
👉 လုပ်ချင်ရာကို အကြောက်အရွံမရှိ လုပ်ပြီး နောင်တဆိုတာ မရှိဘူး...

#တစ်ခုဘဲ လူတစ်ယောက်ကို မုန်းသွားရင် စကားလှည့်မပြောနိုင်အောင် သွေးအေးရက်စက် တတ်တာလေးဘဲ...

😎 ထက်မြက်တယ် ဆိုထဲက သူများထက်တော်လို့ သူများထက် သာလို့မို့ 😎

☝️သူတို့ရဲ့ ရပ်တည်ချက်၊ ခံယူချက်တွေက သူများနဲ့ မတူပဲ ခိုင်မာတယ်...

☝️သူတို့ရဲ့ အတွေးအခေါ်၊ အယူအဆတွေကို ဆုပ်ကိုင်ထားတတ်လို့ ခေါင်းမာတယ် ထင်ရပေမယ့် အမှန်တစ်ကယ် ဇွဲကြီးတဲ့သူတွေ ဖြစ်တယ်...

☝️ သူများက ဘယ်လို ကူညီမလဲ ဆိုတာထက် ငါဘာလုပ်နိုင်လဲ ဆိုတာပဲ တွေးတယ်...

☝️ အမှတ်သည်းခြေ ကြီးတယ်။ ရန်ငြိုးဖွဲ့ဖို့၊ လက်တုန့်ပြန်ဖို့ မဟုတ်ပေမယ့် သူတို့ကို နာကျင်အောင် လုပ်မိရင် ဘယ်တော့မှ မမေ့ဘူး...

☝️ နားလည် ခွင့်လွှတ်တတ်ပေမယ့် ဟင် ဆိုရင် လှည့်မကြည့်တော့ဘူး...

☝️ အေးစက်စက်လို့ ထင်ရပေမယ့် လိုအပ်လာရင် ကျောက်တုံးကို အရည်ဖျော်နိုင်စွမ်း ရှိကြတယ်...

ပျော်ပျော်နေရင်း ဖြတ်သန်းတတ်တဲ့ သူတို့စိတ်တွေက တကယ်တော့ အခြားသူတွေကို ပေးဆပ်လိုက်ရတာတွေ များတယ်...

အခက်အခဲရှိပေမယ့် ဘယ်အခြေအနေမှာမဆို အဆင်ပြေပါတယ် လို့ပဲ ပြောလေ့ရှိတယ်...

☺☺☺☺☺

Credit to original

No comments

Powered by Blogger.