Header Ads

အချစ်ကြမ်းသလို အရစ်ကြမ်းတာ အို သွေး


O သွေးတွေကို ဆူတာ ဟောက်တာ သွားမလုပ်နဲ့ အသေတင်းတာ။

O သွေးတွေက ဒေါသထွက်လာရင် အသားတွေ တစပ်စပ်တုန် ပြီး ဘီလူးတွေထက် ကြောက်စရာ ကောင်းတယ်။

O သွေးလေးတွေ စိတ်ညစ်ရင် ဖုန်းတလုံးရယ် သီချင်းလေးတွေရယ် ရှိရင် ok တယ်။ အခန်းထဲ လှိမ့်အိပ်နေတာ။

O သွေးလား အစွဲအလန်း အသေကြီးတယ် ဒေါသလဲ အရမ်းကြီးတယ် မဟုတ်မခံစိတ် ရှုးရှုးဒိုင်းဒိုင်း ဒေါသပြေမှ ငါပြောတာ လွန်သွားလား ဆိုပြီး အားနာတဲ့အမျိုး။

O သွေးတွေများ အရမ်း သနားတတ်တယ်။ သနားအောင် သွားမပြောနဲ့ သူတို့နဲ့ထပ်တူ ခံစားပြီး ဝမ်းနည်းနေရော။

သူ့တို့ရဲ့ အားနည်းချက်က မျက်နှာကျောတင်းတယ် စကားပြောရင့်တယ် ထင်ရပေမဲ့ တကယ်ပေါင်းကြည့် ငပေါလေးတွေ ဆိုတာ ခင်တဲ့လူတွေပဲ သိတယ်။

သူတို့မှာ သူငယ်ချင်း များများ စားစားလဲမရှိဘူး။  သူငယ်ချင်း ရှားတယ်။ ရှိတဲ့သူငယ်ချင်း အပေါ်လဲ အနစ်နာခံ ပေါင်းတယ်။

O သွေးလေးတွေက အချစ်လည်း ခံချင်ကြတယ်။  ခလေးလေးတွေလို သူတို့ကို ဂရုစိုက်ရင် သိပ်ပျော်တာ။ အချစ်ကြီးတဲ့ O သွေးနား တော်ရုံသူ မကပ်နိုင်ကြဘူး။ သူတို့က အရစ်ကြမ်းတယ်။  ဂျပန်မူလီတောင် အရူံးပေးရမယ်။


သူတို့တွေ ချစ်မိပြီးတဲ့ လူက သူတို့အပေါ် ရက်စက်နေရင်တောင် နည်းလမ်းပေါင်းစုံနဲ့ နားလည် ခွင့်လွှတ်ပြီး ချစ်တတ်သလို သူတို့ စိတ်ပျက်သွားတဲ့ လူဟာလည်း ဘယ်လောက် ရင်းနှီးပြီး အသက်မက ချစ်နေပါစေ ဘယ်တုန်းကမှ မသိခဲ့တဲ့ လူတွေလို လုပ်ပြစ်ပြီး ပြတ်သားလွန်းကြတယ် သတိထားပါ။

O သွေးတွေက စာနာတတ်တယ် ကူညီတတ်တယ် စိတ်ထားလေးလည် လှတယ်။ သူတို့လေးတွေက စိတ်ကူးယဉ် အတွေးလေးတွေနဲ့ ပျော်မွေ့တတ်ပြီး သီးချင်းဆို ကခုန်တာတွေကို ဝါသနာ ပါကြတာများတယ်။


အများစုက ကမ်းခြေ သွားရတာနှစ်သက်တယ် သူတို့ကို သွားမပြိုင်နဲ့ သင်ပဲ မောသွားမယ် သင့်ကို ဖုတ်လေတဲ့ ငပိရှိတဲ့လို့တောင်ထင်မှာမဟုတ်ဘူး။ သူတို့က စိတ်ထဲရှိသလို နေတာများကြတယ်။ ဘယ်သူ့ကိုမှ မနာလိုစိတ်မရှိသလို ဘယ်သူ့ကိုမှမလဲ မပြိုင်ဆိုင်တတ်ကြဘူး။ အေးအေးဆေးဆေး နေတတ်ကြတယ်။

crd#May

No comments

Powered by Blogger.