အရပ် (6) ပေကျော်တဲ့ ကိုရီးယားအိုပါးများ
အာရှတလွှားရှိ မိန်းကလေး ပရိသတ်တွေကြား ရေပန်းစားနေတာကတော့ အရပ်ရှည်ရှည် ကိုရီးယား အိုပါးတွေပဲ ဖြစ်တယ်။ ဒီအိုပါးတွေကတော့ အရပ်လည်း ရှည်တဲ့အပြင် ရုပ်ရည်ပါ ခန့်ညားချောမော ကြတဲ့အတွက်လည်း မြန်မာ ပရိသတ်တွေရဲ့ အားပေးမှုတွေကို တစ်ခဲနက် ရထားသူတွေလည်း ဖြစ်ပါတယ်။ သူတို့က ဘယ်သူတွေ ဖြစ်မလည်းဆိုတာ ကြည့်လိုက်ကြရအောင်…
1) Lee Kwang Soဝ
မင်းသား Lee Kwang Soo ကတော့ Running man ပရိသတ်တွေရဲ့ အသည်းကျော် မင်းသားလေးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အရပ်အမြင့်ကတော့ (၆ပေ ၃လက်မ) ပဲဖြစ်ပြီး သူရဲ့အရပ်ကြောင့် “Giraffe” လို့တောင် နာမည်ပြောင် ပေးထားခံရသူ ဖြစ်ပါတယ်။
2) Kim Woo Bin
မင်းသား Kim Woo Bin က ဗီလိန် နေရာကနေ ခေါင်းဆောင် မင်းသားနေရာကို ရယူနိုင်ခဲ့သူပါ။ သူရဲ့ အရပ်အမြင့်ကတော့ ( ၆ပေ ၂လက်မ) ရှိပါတယ်။ Kim Woo Bin က မော်ဒယ်လည်း ဟုတ်သလို၊ သရုပ်ဆောင်ဘဝမှာလည်း ပြောင်မြောက်သူပါ။ Kim Woo Bin ဟာ အခု လက်ရှိမှာတော့ ကျန်းမာရေး မကောင်းလို့ အနုပညာ အလုပ်တွေကို ရပ်နားထားရပါတယ်။
3) Rain
အဆိုတော်၊ သရုပ်ဆောင် Rain က “Full House” ဇာတ်လမ်းတွဲမှာ နာမည်ရခဲ့သူလည်း ဖြစ်သလို အဆိုဘက်ပိုင်းမှာလည်း နာမည်ကြီးသူတစ်ယောက် ဖြစ်ပါတယ်။ မကြာသေးခင်မှာ Rain တစ်ယောက်ကတော့ မင်းသမီးချောလေး Kim Tae Hee နဲ့ လက်ထပ်ခဲ့ပြီး သမီးလေး တစ်ယောက်ကိုလည်း ပိုင်ဆိုင်နေပါပြီ။ သူ့အရပ်ကလည်း (၆) ပေကျော်ပါ။
4) Ok Taecyeon
2PM အဖွဲ့ခေါင်းဆောင် Ok Taecyeon ရဲ့ အရပ်အမြင့်ကတော့ (၆ပေ ၁လက်မ) ရှိပါတယ်။ Ok Taecyeon က Dream High ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ဖူးသူလည်းဖြစ်တယ်။
5) Gong Yoo
” ကော်ဖီ ချစ်သူ” မင်းသား Gong Yoo ရဲ့ အရပ်အမြင့်ကတော့ (၆ပေ) ဖြစ်ပါတယ်။ Gong Yoo က အင်တာဗျုးတွေကို မတ်တတ်ရပ်ပြီး ဖြေရတဲ့အခါ မေးတဲ့သူ အဆင်ပြေအောင် သူ့ပေါင်နှစ်ချောင်းကို ကာပြီး ဖြေပေးတတ်ပါတယ်။ ဒီလို စိတ်ထားတွေကြောင့်လည်း နာမည်ကြီးနေခဲ့တာပဲဖြစ်တယ်။
6) Lee Jong Suk
မင်းသားချော Lee Jong Suk ကတော့ လူငယ်ပရိသတ်တွေရဲ့ အသည်းကျော် မင်းသားပဲဖြစ်တယ်။ သူ့ရဲ့ နှုတ်ခမ်းနဲ့ အရပ်အမောင်းတွေက ဆွဲဆောင်မှုတစ်ခုပဲဖြစ်တယ်။ သူ့ရဲ့ အရပ်အမြင့်ကတော့ (၆ပေ ၁လက်မ) ပဲဖြစ်တယ်။
7) Lee Min Ho
မင်းသား Lee Min Ho ကတော့ “Boys Over Flowers ” ရဲ့ ခေါင်းဆောင် မင်းသားတစ်ယောက် ဖြစ်ပါတယ်။ ဒါအပြင် မိန်းကလေး ပရိသတ်တွေရဲ့ အသဲကိုလည်း ကိုင်လှုပ်ထားသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့အရပ်အမြင့်ကတော့ (၆ပေ ၁ လက်မ) ပဲဖြစ်ပါတယ်။
source; dramafever








Post a Comment