မိန်းမတစ်ယောက်ကို ချစ်မယ်ဆိုရင်..
°°°°°°°°°°°°°°°°°°°°°°
တာဝန်ယူရဲတဲ့ စိတ် အပြည့် ရှိရမယ် !!! မြတ်နိုးမှုနှင့် အတူ တန်ဖိုးထားမှုလည်း ရှိရမယ် !!! ချစ်တယ် ဆိုတဲ့ စကားတစ်ခွန်းကို နှုတ်ဖျားက အလွယ်တကူဖြင့် ထွက်လာတာ မဟုတ်ဘဲ ဘဝနှင့်ထပ်တူ ပြောရဲရမယ် !!!
အနိုင်ယူလိုစိတ် ကင်းရမယ် !! စာနာမှု နားလည်မှုကို မဖြစ်မနေ တည်ဆောက်ရမယ် !!! ခွင့်လွှတ်လို့ ရတဲ့ အမှားဆိုရင် အတိုင်းအတာ တစ်ခုအထိ ခွင့်လွှတ်ပီး ဘယ်လိုမှ ခွင့်လွှတ်လို့ မရတဲ့ အမှားမျိုး ဆိုရင်တော့ လုံးဝ ကျောခိုင်းရဲရမယ် !!!
အားနည်းချက်ကို ဖေးမပေးပီး သူ့ရဲ့ အားသာချက်ကို လေးစားတန်ဖိုး ထားပေးရမယ် !!! မိန်းမတစ်ယောက်ကို လိုသလို အသုံးချတဲ့ စိတ်မျိုးမထားဘဲ လိုအပ်သလို ကာကွယ်စောင့်ရှောက် ဖြည့်ဆည်းပေးနိုင်တဲ့ စိတ်မျိုး ထားရမယ် !!!
အတ္တနှင့် မာနကို ဖယ်ရှားထားပီး သဝန်တိုစိတ်ကို မှန်ကန်စွာ ကျင့်သုံးပီး သံသယစိတ်ကိုလည်း မသေချာဘဲ မဖြစ်တည်အောင် စောင့်ထိန်းရမယ် !!! ချစ်တယ် ဆိုတဲ့ စကားကို ရုပ် !ငွေ !ပညာ !အသိုင်းအဝိုင်း ! ကျော်ကြားမှု !ကာမ ! တို့အတွက် ပြောတာ မဟုတ်ဘဲ နှလုံးသားက တကယ်တမ်းတ မြတ်နိုးမှ ပြောပါ !!!!
တစ်ဖက်သားကို တန်ဖိုးထားခြင်းဖြင့် ကိုယ်တိုင်လည်း တန်ဖိုး ရှိနေမှာပါ !!! ကိုယ်တိုင်က တန်ဖိုးရှိလျှင် တန်ဖိုးရှိတဲ့ မိန်းမဆိုတာ ကိုယ့်အတွက် ဖြစ်နေမှာပါ !!!! မိမိရဲ့ ဆန္ဒအတွက် မိမိချစ်တဲ့ မိန်းမ တစ်ယောက် အပေါ် သောကဝန်ထုပ် မဖြစ်ပါစေနှင့် !!! မိမိ ကိုယ်ကျင့်တရား မြင့်မြတ်ခြင်းဖြင့် မိမိချစ်သူရဲ့ သိက္ခာတရားကို တန်ဖိုးမြင့်ပါစေ !!!
မိမိ ချစ်တဲ့ မိန်းမတစ်ယောက်ကို တစ်သက်လုံး ပျော်ရွှင်စေဖို့ အတ္တနှင့် သံသယကို ဖယ်ရှားထားပါ !!!သူ့ဘက်က မဖယ်ရှားဘဲ ဆုပ်ကိုင်ထားလျှင်လည်း အဲဒီ မိန်းမကို လမ်းခွဲလိုက်ပါ !!! စာချစ်သူ အားလုံးကို လေးစားစွာဖြင့် ကျေးဇူးတင်ပါ၏ !!!!! ဘာအရောင်မှ ခြယ်မထားပါ...
Credit မဟာ



Post a Comment