သင်ဘယ်မြို့မှာနေတာလဲ?
၁) အိမ်ထောင်သည်တွေဟာ ရန်ကုန်မြို့နဲ့ တူတယ်။
တစ်နေရာနဲ့ တစ်နေရာ သွားဖို့လည်း မလွယ်၊ သွားလို့ရှိရင်လည်း မီးပွိုင့်တွေ အထပ်ထပ်မိ။ သနားစရာကောင်းတာက သူဟာ မြို့တော် အဆင့်ကနေ တစ်ဆင့်လျှော့ ခံထားရတာပဲ။
၂) ရည်းစားရှိတဲ့ သူတွေဟာ မန္တလေးနဲ့ တူတယ်။
စည်ကားတယ် ခမ်းနားတယ်။ သွားချင်တဲ့နေရာကို အလွယ်တကူ ဆိုင်ကယ်လေးနဲ့လည်း ပတ်လိမ့်နေလို့ ရတယ်။ ဒါမယ့် တစ်ခုရှိတာက အနောက်တိုင်း ယဉ်ကျေးမှုတွေ တိုးပွားလာပေမယ့် ယဉ်ကျေးမှုမြို့တော် ဆိုပြီး ဝံ့ကြွားချင်တယ်။
၃) Single တွေဟာ ပြင်ဦးလွင်နဲ့ တူတယ်။
အေးချမ်းတယ် သာယာတယ်။ သွားလာ လည်ပတ်စရာတွေ ပေါများတယ်။ အစားအသောက်လည်း ပေါများတယ်။ အားသာချက်က လူတိုင်းဟာ သူ့ဆီကို လာနေချင်ကြတာပဲ။
၎) FA တွေရဲ့ ဘဝက နေပြည်တော်နဲ့ တူတယ်။
လမ်းတွေအများကြီးဖောက်ထားတယ် .. သွားမယ့်သူ မရှိဘူး။ အဆောက်အဦးတွေအများကြီး ဆောက်ထားတယ် .. နေမယ့်သူမရှိဘူး။ ဘောလုံးကွင်းတွေ ရှိတယ် .. ဘယ်သူမှ ကန်ခွင့်မရှိဘူး။ လူတိုင်း နှာခေါင်းရှုံ့ပေမယ့် သူ့ကိုယ်သူတော့ မြို့တော်ကြီးအဖြစ် ဘဝင်မြင့်တုန်း။
စကားမစပ် သင်ကော ဘယ်မြို့မှာနေလဲ?????
#kmn credit
Post a Comment