ကောင်မလေးတွေရဲ့ စိတ်ကောက်တဲ့စတိုင် (၁၀) မျိုး
ကောင်မလေးတွေရဲ့ 😠စိတ်ကောက် တတ်တဲ့ 😊 စတိုင်ဆယ်မျိုး ဆိုသည်မှာ😅😝😖😂…
1️⃣ မာကောက်… 😑
သူတို့က စိတ်ကောက်ပြီ ဆိုတာနဲ့ တစ်ကိုယ်လုံးက မာမာတောင့်တောင့်...😌 ကြီး ဖြစ်သွားတာ ခင်ဗျား အဲ့အချိန် သူ့လက်ကို သွားဆွဲကြည့် မရဘူး😝။ 😡တင်းထားတာနော် ။ မာမာတောင့်တောင့်😑 ကြီး လုပ်ထားတာ။ သူ့ ပုခုံးလေး ကို ခင်ဗျား ဘက် ယိမ်းအောင် အသာဆွဲပြီး တွန်းကြည့် မရဘူး😝😅 ။ 💪တောင့်ထားတာ အဲ့ဒီလို စိတ်ကောက်ပြီ ဆိုတာနဲ့ တစ်ကိုယ်လုံးကို မာတောင့်ထားတတ်တဲ့ ကောင်မလေး တွေကို မာကောက်…😂😂
2️⃣ ဖြတ်ကောက်… 😂
သူတို့က 😞စိတ်ကောက်ပြီ ဆိုတာနဲ့ ခင်ဗျားနဲ့ ရှိသမျှ အဆက်အသွယ် အကုန်ဖြတ်ပစ်တာ။ Facebook မှာ ဘလော့မယ်😠။ Viber, 📱Phone ရှိသမျှ အားလုံး ဘလော့မယ်ဗျာ😠။ ခင်ဗျားကိုတော့ တိုးတိုးလေး 😐စောင့်ကြည့်ချင် စောင့်ကြည့်နေမှာပေါ့လေ😉။ အဲ့ဒီလို 😠စိတ်ကောက်တာနဲ့ ရှိသမျှ အဆက်အသွယ် အကုန်ဖြတ်ပြီး ကောက်တတ်တဲ့ ကောင်မလေး တွေကို ဖြတ်ကောက်…😅😅
3️⃣ ငတ်ကောက်😷…
အစာငတ်ခံ ဆန္ဒပြသလိုပေါ့။ သူတို့ကလည်း ကိုယ့် ချစ်သူ ကို အစာငတ်ခံပြီး စိတ်ကောက်တာ။ 🍛 ဘာကျွေးကျွေး လုံးဝ😷မစားဘူး။ 🌊ရေလည်း မသောက်ဘူး😷။ သေးလည်း မပေါက်ဘူး။ ခင်ဗျား ကွယ်ရာတော့ တီးချင်တီးမယ်😁။ ဒါပေမဲ့ ခင်ဗျားရှေ့တော့ ဘာမှ😷 မစားဘူး။ အဲ့လို ဘာမှ မစား မသောက်ဘဲ အငတ်ခံ ကောက်တတ်တဲ့ ကောင်မလေးတွေကို ငတ်ကောက်😷😞…😂
4️⃣ ရွဲ့ကောက်…😞
ခင်ဗျားကို 😔စိတ်ကောက် ပြီဆိုတာနဲ့ 😕ရွဲ့ပြတာပေါ့။ အဲ့အချိန် ခင်ဗျား မကြိုက်တာ အကုန်လုပ်မယ်😏။ ခင်ဗျားက မသွားနဲ့ဆို 😞သွားမယ်။ မစားနဲ့ဆို 😞စားမယ်။ ခင်ဗျား 😡ကြည့်မရတဲ့ 👿ကောင်တွေနဲ့😞 ရွဲ့ပြီး 😉 ဟေးလားဝါးလား လုပ်ပြမယ်။ အဲ့လိုအချိန် ခင်ဗျားကို ဖုတ်လေတဲ့ ငါးပိရှိလေတယ် လို့တောင် မထင်ဘူး😏။ သူ့ဟာသူ 😄ပျော်ချင်ယောင်ဆောင်ပြီး ရွဲ့ပြတတ်တဲ့ ကောင်မလေးတွေကို ရွဲ့ကောက်…😞...😂
5️⃣ ရစ်ကောက်… 😠
သူတို့က 😔စိတ်ကောက်ပြီ ဆိုတာနဲ့ ခင်ဗျား ကို 😞ရစ်တော့တာ။ 🍺မသောက်ဘဲနဲ့ကို ဘလိုင်းကြီး 😠ရစ်တာနော်။ ခင်ဗျားရဲ့ အတိတ်ကို😡 တူးဆွပြီး 😞ရစ်ရင်ရစ်။ ခင်ဗျားဘေးက 👫မိန်းကလေး သူငယ်ချင်းတွေနဲ့ခင်ဗျားကို 😕သမုတ်ပြီး ရစ်ရင်ရစ်နဲ့ ပြောပြီးသားတွေကိုပဲ ထပ်တလဲလဲ ချေးခြောက် ရေနှူးပြီး ရစ်တာကို ရစ်ကောက်😞…...😂😂
6️⃣ ဆွံ့ကောက်… 😌
သူတို့က 😞စိတ်ကောက်ပြီ ဆိုတာနဲ့😷 ဆွံ့အ 👂နားမကြားတွေ လိုပဲ။ ခင်ဗျား ဘာပြောပြော ဘာဆိုဆိုဘာမှကို 😌ပြန်မပြောတော့တာ။ ပါးစပ်ကြီးတွေ😷 ပိတ်ပြီး ပြန်လဲ မပြော။ နားလဲ 😏မထောင်နဲ့ ဘာဆိုဘာမှ 😷 မပြောဘဲ လုပ်ချင်ရာ လုပ်တော့တဲ့ ကောင်မလေးတွေကို 😌ဆွံ့ကောက်…😂😂
7️⃣ ငိုကောက်… 😭
သူတို့က စိတ်ကောက်ပြီ ဆိုတာနဲ့ 😔သနားကမား ရုပ်လေးတွေနဲ့ 😭တန်းငိုတော့တာ။ ဘေးလူ ကများ 😮မသိလို့ ကြည့်လိုက်ရင် ခင်ဗျားကပဲ 🙇သူ့ကို 😖ဟိုဒင်းဟိုဟာ ကျူးလွန်မိလို့......😝 သူ့မှာ ဒူးနဲ့ မျက်ရည် သုတ်နေရတာလိုလို။ ဘာလိုလို။ 😟တအီးအီးနဲ့ အေးရင်ကြူး နေသလိုပဲ ငိုလို့ကို မပြီးနိုင်တော့ဘူး။ 😪နှပ်ချေးတွေကို ထွက်လို့ အဲ့လို 😭ငိုငိုပြပြီး စိတ်ကောက်တတ်တဲ့ ကောင်မလေး တွေကို ငိုကောက်…😭..........😂😂
8️⃣ ကြမ်းကောက်… 😂
သူတို့က 😖စိတ်ကောက်ပြီ ဆိုတာနဲ့ 😨ဘီလူး 😠ဆိုင်းတီးသလိုပဲ။ 😡ပတ်ကြမ်းတိုက်တော့တာ။ 😱အော်မယ်။ 😠ဟစ်မယ်။ 🔨ထုမယ်။✊ ထောင်းမယ်။ ရိုက်မယ်👋😭။ 👊နှက်မယ်။ 😰ဆဲမယ်။ 😱ဆိုမယ်။ တစ်ခါတစ်လေ ပတ်ဝန်းကျင် ကမဆီမဆိုင် 🐕ခွေးကိုပါ ပြေးကန်ချင်ကန်တာ။......😂😅 အဲ့လိုအချိန် သူ့အနားမှာရှိတဲ့ သနပ်ခါးတုံး တို့ ငရုတ်ကျည်ပွေ့တို့ ဝေးဝေးသာရွေ့ထား။ ပြောရတာ မဟုတ်ဘူး။ ကောက်ထုချင် ထုမှာလေ။ အဲဒီလို ပတ်ကြမ်းတိုက်ပြီး စိတ်ကောက် တတ်တဲ့ ကောင်မလေး တွေကို ကြမ်းကောက်😠…😂😂
9️⃣ လက်ကောက်… 😂
သူတို့က 😞စိတ်ကောက် ပြီဆိုတာနဲ့ ပြန်ချော့ချင်ရင် 🎁လက်ဆောင် ဝယ်ပေးမှ ရတာမျိုး။😂 ..... 🎁လက်ဆောင် လေးဝယ်ပြီး ချော့မှ ပျော့တာမျိုးပေါ့။😊 အတယ်ပဲ ပြောရမလား။ အဲ့လို😖👧 ကောင်မလေးတွေကို။ ဒါပေမဲ့ တစ်ခုရှိတာက 💑 သမီးရည်းစား အချင်းချင်းက ပြေလည်ရင်တောင်....😍 ပတ်ဝန်းကျင်က အဲ့လို ကောင်မလေး ကို ချူတယ် ပိုင်းတယ်လို့ အထင်ရောက် သွားနိုင်တာတော့ ရှိတာပေါ့လေ။ အဲ့ဒီလို လက်ဆောင် ဝယ်ပေးပြီး ချော့မှ အဆင်ပြေတဲ့ ကောင်မလေးတွေကို လက်ကောက်😖🎁…😂😂
🔟 ဖျားကောက်… 😥
သူတို့က စိတ်ကောက်ပြီ ဆိုတာနဲ့ ဖျားတော့တာ။....😥.....😂😅 နေမကောင်း တန်းဖြစ်တော့တာ။ ဟိုနားက 😳နာရတာနဲ့ ။ 😳ဒီနားက 😵အောင့်ရတာနဲ့။😖ကိုက်ရတာနဲ့ ။ 😨ခဲရတာနဲ့ ။ 😔လူမမာရုပ်နဲ့ ပလာစတာလေး နားထင်မှာ ကပ်လို့ 😔အဟွတ် အဟွတ်နဲ့ ဖြစ်တော့တာ ။ အဲ့ဒီလို စိတ်ကောက်ပြီ ဆိုတာနဲ့ ဖျားတတ်တဲ့ ကောင်မလေး တွေကို ပြောတာ😊…..😂😂
ကဲကဲ အဲ့ဆယ်မျိုးအပြင် တခြား စတိုင် တွေနဲ့ ကောက်တတ်တဲ့ ကောင်မလေးတွေ ရှိသေးရင်တော့ခင်ဗျားတို့ပဲ 💡အလင်းပြဆက် ment ကြပါတော့ဗျာ😂
😊😊😖😖
credit to original
Post a Comment